spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ၂ဝ၁၉ခုနှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတက်ရောက်ဖွင့်လှစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ၂ဝ၁၉ခုနှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတက်ရောက်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီလ( ၂ဝ )ရက်။            

(၇)ကြိမ်မြောက် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးအား အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတဆင့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂ဝ၁၉ခုနှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် (၅)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ YSH / FMI/ SPA တို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Yoma strategic holdings ၏အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်စိုး၊ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ အပြေးသမားများ တက်ရောက်ကြသည်။               

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ YSH / FMI/ SPA တို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Mr. Melvyn  Pun၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်စိုး၊ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော် တို့က (၄၂)ကီလိုမီတာ မာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန်တို့အား တာထွက် အလံမြှောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

ယင်းပြိုင်ပွဲကို (၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁) ကီလိုမီတာ တစ်ဝက်မာရသွန် (၁ဝ)ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်းအပြေး/ လမ်းလျှောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ အမျိုးအစား(၄)မျိုး ခွဲခြားထားရာ တာထွက်နှင့် ပန်းဝင်နေရာမှာ  အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင်ဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်တွင် ရန်ကုန် မြို့၏အထင်ကရနေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန် တို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ UK နှင့် ဟောင်ကောင် နိုင်ငံတို့မှ အပြေးသမားများ ပြည်တွင်း၊ ပြည်ပ အပြေးသမားပေါင်းအင်အား (၈ဝဝဝ)ကျော်နှင့် နိုင်ငံတကာအပြေးသမားပေါင်း (၆၆ဝ)ဦး ပါဝင်ပြီး မြန်မာပြည်မှ လက်ရွေးစင်အပြေးသမား သောင်းအေးနှင့် ဝေလင်းထွန်းတို့ ပါဝင်ကြသည်။

 

ဆုကြေးငွေများကို (၄၂)ကီလိုမီတာ မာရသွန်အပြည့်ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ ၂၇ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၄ဝဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၉ဝဝ ၊ (၂၁)ကီလိုမီတာတစ်ဝက်မာရသွန် ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ ၁၆ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ၉ဝဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅ဝဝ ၊ (၁ဝ)ကီလိုမီတာစိန်ခေါ်မာရသွန်ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၈ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ၄ဝဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၂၅ဝ  တို့ကို ပေးအပ်ချီးမြှင့်မှာ ဖြစ်ပြီး (၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန် ၊(၁ဝ) ကီလိုမီတာစိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာအပျော်တမ်း အပြေး/ လမ်းလျှောက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ အမျိုးအစားများတွင် ပါဝင်ယှဉ်ပြိုင်သူတိုင်း မည်သည့်အမျိုးအစားကိုဖြစ်စေ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ပါက ဆုတံဆိပ်(၁)ခုစီနှင့် မာရသွန်အပြည့်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်သူများကို တီရှပ် တစ်ထည်စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်နှင့် ရိုးမ မှ တာဝန်ရှိသူများက အမျိုးသား(၄၂)ကီလိုမီတာတန်းတွင် ပထမ ၊ဒုတိယ၊ တတိယဆုများကို ကင်ညာနိုင်ငံမှ လည်းကောင်း၊ အမျိုးသမီး(၄၂)ကီလိုမီတာတန်းတွင် ပထမ (ကင်ညာနိုင်ငံ)၊ ဒုတိယ (ကင်ညာနိုင်ငံ)နှင့် တတိယ(မြန်မာ) မှလည်းကောင်း၊ အမျိုးသား(၂၁)ကီလိုမီတာတန်းတွင် ပထမ ၊ဒုတိယနှင့် တတိယဆုများကို ကင်ညာနိုင်ငံမှ လည်းကောင်း၊ အမျိုးသမီး(၂၁) ကီလိုမီတာတန်းတွင် ပထမ ၊ဒုတိယနှင့် တတိယဆုများကို ကင်ညာနိုင်ငံမှလည်းကောင်း၊ အမျိုးသား (၁ဝ) ကီလိုမီတာတန်းတွင် ပထမ(ကင်ညာနိုင်ငံ)၊ ဒုတိယ(ကင်ညာနိုင်ငံ)နှင့် တတိယ(မြန်မာ)မှ လည်းကောင်း၊ အမျိုးသမီး(၁ဝ)ကီလိုမီတာတန်းတွင် ပထမ ၊ဒုတိယ နှင့် တတိယဆုများကို မြန်မာနိုင်ငံ တို့မှ ဖြစ်ကြပြီး ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA-%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA