spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

နေပြည်တော်၊ ဇန်နဝါရီလ( ၂၁ )ရက်။        

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်၊ လူရွယ် များ ဖြစ်ပေါ်လာစေရေး၊ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို ယနေ့ခေတ်လူငယ်များ ပိုမိုစိတ်ဝင်စားလာမှုရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း(A)ရုံ၌ ကျင်းပပြုလုပ်ရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသမီး (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၄၉-၅၃) ကီလိုတန်း၊ အမျိုးသား (၆၁-၆၅) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၆၅-၆၉) ကီလိုတန်းပြိုင်ပွဲ ယှဉ်ပြိုင် ကစားကြပါသည်။

 

ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီး (၅၃-၅၇) ကီလိုတန်းတွင် ဆုရရှိသော ပထမ နှင်းသက်ဝေ(ပဲခူး)၊ ဒုတိယ ခင်ရတီကို(ကချင်)၊ ပူးတွဲ တတိယ မေဆုလင်း (စစ်ကိုင်း)နှင့် နန်းဆိုင်လောဝ်(ရှမ်း)၊ အမျိုးသား (၅၃-၅၇) ကီလိုတန်းတွင် ဆုရရှိသော ပထမ ဝိုင်းချစ် (မန္တလေး)၊ ဒုတိယ ဝင်းလင်းထိန်(တနင်္သာရီ)၊ ပူးတွဲ တတိယ အောင်ဇော်မျိုး(မကွေး)နှင့် ကံမာ(ရှမ်း)၊ အမျိုးသား (၄၉-၅၃) ကီလိုတန်းတွင် ဆုရရှိသော ပထမ ဇော်ဝင်းဦး(ရန်ကုန်)၊ ဒုတိယ ကောင်းမြတ်မွှေး(ပဲခူး)၊ ပူးတွဲ တတိယ အောင်နိုင်ဝင်း(ရှမ်း)နှင့် ချစ်မင်းသူ(တနင်္သာရီ)၊ အမျိုးသား (၆၁-၆၅) ကီလိုတန်းတွင် ဆုရရှိသော ပထမ မြင့်မြတ်ဦး(မန္တလေး)၊ ဒုတိယ ဝေယံစိုး(နေပြည်တော်)၊ ပူးတွဲ တတိယ ညီထူး(ရှမ်း)နှင့် ချမ်းမြေ့အောင်(ကချင်)၊ အမျိုးသား (၆၅-၆၉) ကီလိုတန်းတွင် ဆုရရှိသော ပထမ စိုင်းနောင့်(ရှမ်း)၊ ဒုတိယ ဇင်မင်းဦး(ပဲခူး)၊ ပူးတွဲ တတိယ ယွမ်ဘူးလိန်း(ချင်း)နှင့် ငြိမ်းချမ်းအောင်(မွန်)တို့အား အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ဆက်လက်၍ အမျိုးသမီးအကောင်းဆုံးကစားသမားဆုရ နှင်းသက်ဝေ(ပဲခူး)နှင့် အမျိုးသား အကောင်းဆုံးကစားသမားဆုရ ဝိုင်းချစ်(မန္တလေး)တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဦးကျော်ဦးမှ အကောင်းဆုံး အားကစားသမားဆုတံဆိပ် ပေးအပ်ခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ရွှေ(၄)၊ ငွေ(၂)၊ ကြေး(၃)ဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း အားလည်းကောင်း၊ ရွှေ(၇)၊ ငွေ(၅)၊ ကြေး(၂)ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရွှေ(၁၁)၊ ငွေ(၇)၊ ကြေး(၅)ဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။    
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95