spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ မိတ္ထီလာ၌ကျင်းပ

အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ မိတ္ထီလာ၌ကျင်းပ

မိတ္ထီလာ  ၁၉  ဇန်နဝါရီ 

မိတ္ထီလာမြို့၌  ဒေသခံတက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် ကြက်တောင်ဝါသနာရှင်များပူးပေါင်းစီစဉ်သည့် အထက်မြန်မာပြည်ရှိ တက္ကသိုလ်ပေါင်းစုံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၉ နံနက် ၈ နာရီအချိန်က ခရိုင်မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပကြောင်းသိရသည်။

အထက်မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးနီးပါးပါဝင်တဲ့ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို မိတ္ထီလာဒေသခံ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနဲ့ ကြက်တောင်ဝါသနာရှင်တွေ ပူးပေါင်းစီစဉ်ပြီး ပထမဆုံးကျင်းပဖြစ်တာပါ။  တက္ကသိုလ် ၁၆ ခုက ပြိုင်ပွဲဝင် ကြက်တောင်အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဇန်နဝါရီ ၁၉ ၊ ၂ဝ  နှစ်ရက် ကျင်းပပြလုပ်မှာဖြစ်ပါတယ်။  တက္ကသိုလ်တွေမှာ ကြက်တောင်အားကစားပိုမိုကျယ်ပြန့်လာစေရန်၊ တက္ကသိုလ် တစ်ခုနှင့်တစ်ခု ရင်းနှီးမှုပိုမိုရရှိလာစေရန်၊ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ထူးချွန်သည့် မျိုးဆက်သစ် ကြက်တောင်ဝါသနာရှင်များ ပေါ်ထွက်လာစေရန်  ရည်ရွယ်ချက်သုံးခုနဲ့  ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်ဟု ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဝင် (မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ကျောင်းသားဟောင်း) ကိုခန့်ဇော်က  ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အမျိုးအစား ၄ မျိုးပါဝင်ပြီး မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးကြောင်းတက္ကသိုလ်၊ ကျောက်ဆည်နည်းပညာ တက္ကသိုလ်၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်၊ မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလာဒီဂရီကောလိပ်တို့မှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ကြက်တောင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။ 

 

Crd:မြန်မာအလင်းသတင်းစာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%91%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA-%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%AE%E1%80%9C%E1%80%AC%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95