spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လယ်ဝေး၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လယ်ဝေး၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လယ်ဝေး ၂၀ ဇန်နဝါရီ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့ရှိ လေ့ကျင့်ရေးစင်တာ(၂) ဘောလုံးအားကစားကွင်းတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်(လယ်ဝေးမြို့နယ်တာဝန်ခံ)ဦးအေးမောင်စိန်နှင့် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဌာနဆိုင်ရာများ ဘောလုံးအသင်းနှင့် မြို့နယ်လက်ရွေးစင်ဟောင်းများအသင်းတို့ ချစ်ကြည်ရေးခြေစမ်းကစားခဲ့ပြီး လယ်ဝေးမြို့ရိုးရာခြင်းလုံးအဖွဲ့မှ အလှပြဖျော်ဖြေခဲ့ကြသည်။  

ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် သာဝတ္ထိအသင်းနှင့် သဲကောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းကို နေပြည်တော်ကောင်စီဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့်အားကစားဝါသနာပရိတ်သတ်များ ကြည့်ရှုအားပေးခဲ့ကြသည်။ 

အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်မှ မတ်လ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အသင်းပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။ 

 

crd:မြန်မာ့အလင်းသတင်းစာ

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%9A%E1%80%BA%E1%80%9D%E1%80%B1%E1%80%B8%E1%81%8C-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA