spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အိန္ဒိယဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

အိန္ဒိယဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ဇန်နဝါရီ ၂၂။
၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာအမျိုးသမီးအသင်းသည် အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းလေးသင်းဖြင့် ကျင်းပမည်ဖြစ်ကာ လက်ရှိအချိန်ထိ မြန်မာနှင့် အိမ်ရှင်အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်နှစ်သင်းအတွက် အခြားအသင်းများ ဖိတ်ကြားလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းမှာမူ အိုလံပစ်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် မူလက ယင်းကာလတွင် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားရန် စီစဉ်ထားသော်လည်း ယင်းပြိုင်ပွဲကြောင့် အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ရန် အချိန်ယူပြင်ဆင်လျက်ရှိပြီး ပဏာမကစားသမား ၂၉ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက် ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုလအတွင်း ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ယူ-၁၆ လက်ရွေးစင် အမျိုးသမီးအသင်း၊ဇန်နဝါရီ ၂၆ ရက်တွင် ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြများအဖြစ်-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ်-ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ သန္တာဦး၊ နောက်တန်း-ဝေဝေအောင်၊ အိရတနာဖြိုး၊ ဇင်မာထွန်း၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ယမင်းလွင်၊ ခိုင်သဇင်၊ ရူပါခိုင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး၊ လဲ့လဲ့လှိုင်၊ နန့်မေသဇင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း- ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်နှင့် လှယဉ်ဝင်းတို့ ပါဝင်ကြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA