နေပြည်တော် ၊ ဇန်န၀ါရီလ (၂၃)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်ကို ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်တာ၀န်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေး၀န်ကြီး ဒေါက်တာခင်မောင်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င်များ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်နှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံး၀ါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်အသင်းမှ မွန်ပြည်နယ်အသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ညနေ(၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ဝေယံ(မကွေး)၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁၆) စောမို့မောင်မောင်(မွန်)၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၇) ရဲဌေး(တနင်္သာရီ)၊ ရှေ့တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၈) စိုးလင်းအောင်(နေပြည်တော်)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသွားသော ကျောနံပါတ်(၁၀) ၀င်းလှိုင်ဦး(တနင်္သာရီ)တို့အား ငွေသားဆုများကို အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င်များမှလည်းကောင်း၊ တတိယဆုရရှိသွားသော နေပြည်တော်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာခင်မောင်အေးမှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
