spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၂ဝ၁၉ ခုနှစ်၊ (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဝင်မည့် အားကစားသမားများ မိတ်ဆက်ညစာစားပွဲကျင်းပ

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၂ဝ၁၉ ခုနှစ်၊ (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဝင်မည့် အားကစားသမားများ မိတ်ဆက်ညစာစားပွဲကျင်းပ

နေပြည်တော် ၊ ဇန်နဝါရီလ (၂၅) ရက်။

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ၂ဝ၁၉ ခုနှစ်၊ (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဝင်မည့် အားကစားသမားများ မိတ်ဆက်ညစာစားပွဲကို ယမန်နေ့ည (၆)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အပန်းဖြေရင်ပြင်၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား တက်ရောက်လာကြသော အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများနှင့်လည်း မိတ်ဆက်ပေးပြီးနောက် ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းမှ အားကစားသမားများအား နှုတ်ခွန်းဆက်အမှာစကားပြေကြားရာ၌ နိုင်ငံတကာ အလယ်တွင် မိမိနိုင်ငံ၏ဂုဏ်ကို မြႇင့်တင်ရာတွင်လည်းကောင်း မိမိနိုင်ငံ၏ အလံကို နိုင်ငံတကာအလယ်တွင် ဝံ့ဝံ့ကြွားကြွားလွှ့်ထူနိုင်မှသာ အခြားနိုင်ငံများမှ လေးစားအားကျ အလေးပြုနိုင်ရေးသည် အားကစား အောင်မြင်မှုရမှသာ လုပ်ဆောင်ဖန်တီးနိုင်ကြောင်း၊ နိုင်ငံတကာတွင် အားကစားအောင်မြင်မှုရရှိနိုင်ရန်အတွက်ဆိုလျင် နိုင်ငံတော်အစိုးရပိုင်း၊ အားကစားဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်များ၊ နည်းပြများ၊ အားကစားသမားများ၊ အားလုံးက႑အလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဓိက ငွေကြေးကုန်ကျမှု ရင်းနှီးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အဖွဲ့ချုပ်အနေနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိလာသော အားကစားသမားများအား ထိုက်ထိုက်တန်တန် ဘဝတစ်သက်တာအာမခံချက်မျိုး ရရှိမည့် အနေအထားဖြစ်အောင် ဂုဏ်ပြုနိုင်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားသမားများအနေနှင့် နိုင်ငံတကာအလယ်တွင် မြန်မာ့ပြေးခုန်ပစ် ပြန်လည်ဦးမော့လာရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ခင်မှ ပြေးခုန်ပစ်အားကစားတိုးတက်မြင့်မားစေရေး နည်းလမ်းကောင်းများကို အကြံပြုဆွေးနွေးရာတွင် ပြေးခုန်ပစ် အားကစားနည်း တိုးတက်စေဖို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားကွင်းများ၌ အားကစားသမားများနှင့် ပတ်လည်ပြိုင်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်နည်းပြများ ဦးဆောင်မှု လေ့ကျင့်နေရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ နည်းပြများမှလည်း မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ပြီး နေ့စဉျပုံမှန် စည်းရုံးလေ့ကျင့်ပေးရန် လိုအပ်ကြောင်း ပြောကြား ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့သို့ မတည်အလှူငွေများ ပေးအပ်ရာ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းမှ သိန်း(၂၅ဝ)ကိုလည်းကောင်း၊ ဒုတိယဥက္ကဌ ဦးကျော်ကျော်ဦးမှ သိန်း(၂ဝဝ)ကိုလည်းကောင်း၊ ဘ႑ာရေးမှူး ဦးတင်မောင်လွင်မှ သိန်း(၅ဝ)ကိုလည်းကောင်း၊ လက်ရွေးစင် အားကစားသမားဟောင်း ဦးနေလင်းအောင်မှ (၁ဝ)သိန်းကျပ်ကိုလည်းကောင်း၊ စုစုပေါင်း သိန်း(၅၁ဝ) ကျပ်ကို အသီးသီးလှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ညစာစားပွဲကို တက်ရောက်လာကြသူများ၊ ပြေးခုန်ပစ်တေးဂီတဖြင့် တီးခတ် ဖျော်ဖြေပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%84%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA