spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး ၃x၃ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး ၃x၃ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

 
 
ရန်ကုန်၊ ဇန်နဝါရီလ( ၂၇)ရက်။
 
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၉ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ၃x ၃ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ အားကစားခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ဦးမောင်မောင်မြင့်နှင့်အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
 
 
ဗိုလ်လုပွဲအပြီးတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်၊  တွဲဖက်အတွင်းရေးမှူးနှင့် အမှုဆောင်များက အမျိုးသမီးအသက်(၂၃)နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရ One  အသင်း၊ ဒုတိယဆုရ JAM JAM အသင်း၊ တတိယဆုရ UIT အသင်းတို့အား လည်းကောင်း၊အမျိုးသား အသက်(၂၃)နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရ Rip City(A) အသင်း၊ ဒုတိယဆုရ Why Not  အသင်း၊ တတိယဆုရ RAVENS အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပထမဆုရ Ages အသင်းနှင့် ဒုတိယဆုရ Huimang အသင်းတို့အားလည်းကောင်း၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထဆုရ Green Guys အသင်း၊ ဒုတိယဆုရ Than Lwin အသင်း၊ တတိယဆုရ Rising Star (C) အသင်းတို့အား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်သိန်းက ပထမဆုရရှိသွားသော အသင်းများအား တံခွန်စိုက်ဆုဖလားများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%81%83x%E1%81%83-%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2