spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်

နေပြည်တော်၊  ဖေဖော်ဝါရီ (၁) ရက်။        

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ဝတ္ထုတို(၆၄) ပုဒ်၊ ဆောင်းပါး(၁၅၆) ပုဒ်၊ ကဗျာ(၁၀၅) ပုဒ်နှင့် ဓါတ်ပုံ(၄၇၂) ပုံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များ၏ ဝတ္ထုတိုပြိုင်ပွဲတွင် ဦးဆန်းဦး(မင်းလပြည့်၊ ဟားခါး)က  ဒီဇင်ဘာချစ်သူဖြင့် ပထမ၊ ဒေါ်ခိုင်ဝါဝါကျော် (ခိုင်ဝါကျော်-ဘောဂဗေဒ)က ပင်စင်စားတို့စကားဝိုင်းဖြင့် ဒုတိယ၊ ဖြူဇင်မိုး (မြန်စာဂုဏ်)က သင့်အသက် သင့်လက်ထဲတွင်ရှိသည်ဖြင့် တတိယ၊ အောင်ကိုကိုဦး(ထက်ဝေအောင်-စစ်ကိုင်း) ၊ ဦးမောင်မောင်လွင်(မောင်မောင်လွင်-ရွှေဘိုသား)၊ ဦးမြင့်မောင်(မောင်စူးရှ-အနောက်ရိုးမ)တို့က နှစ်သိမ့်ဆု၊ ဆောင်းပါးပြိုင်ပွဲတွင် အောင်လင်းသူ(ကွန်ပျူတာ)က အားကစားစိတ်ဓါတ်အကြောင်းသိကောင်းစရာဖြင့် ပထမ၊ ဦးဇင်မင်းဝင်း က ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြင့် ဒုတိယ၊ ဦးဘုန်းကြိုင်(မင်းလူ) က ကျန်းမာစေကြောင်းနည်းလမ်းကောင်း စုပေါင်းဆင်နွှဲ လူထုလမ်းလျှောက်ပွဲ ဖြင့် တတိယ၊ ဦးရဲညွန့်(ရဲရဲထွန်းတောက်-မွှေးလုံး)၊ ဦးစိန်ဝင်း(ပန်းမြိုင်လယ် စိန်ဝင်း)၊ ဦးထိန်လင်း(လင်းအရုဏ်ဦး-ပဲခူး)တို့က နှစ်သိမ့်ဆု၊ ကဗျာပြိုင်ပွဲတွင် ဦးသန်းဝင်း (မင်းယဉ်စု)  က အားကစားဖြင့်နိုင်ငံဂုဏ်မြှင့်လူမျိုးတင့် ဖြင့် ပထမ၊ ဦးဝင်းရွှေ(မောင်ယဉ်ဝင်း-ဒေါပုံ) က ကျန်းမာ ပျော်ရွှင်နေလိုလျှင် ဖြင့် ဒုတိယ၊ ဦးကျော်ဆန်း (ဖိုးကျော်-ပခုက္ကူ)က ဘဝညီမျှခြင်းမာရသွန်ဖြင့် တတိယ၊  ဦးသိန်းဇော် (ကြည်သိန်းဇော်)၊ ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း) ၊ ဦးခင်မောင်ဌေး(ချမ်းမြအေး- ညောင်တုန်း)တို့က နှစ်သိမ့်ဆု၊ ဓါတ်ပုံပြိုင်ပွဲတွင် မဟယ်လင်က ပထမနှင့်ဒုတိယ၊ ကိုဇော်မင်း(မန်းတောင်)က တတိယ၊  အောင်မျိုးထွန်း (ရွှေပြည်သစ်)က နှစ်သိမ့်ဆု(၁)၊ မင်းဇာနည်ဇော်က နှစ်သိမ့်ဆု(၂)၊ ကိုဇော်မင်း(မန်းတောင်)က နှစ်သိမ့်ဆု (၃)၊ အထူးဆုများအဖြစ် ယမင်းဝင်းလှိုင်၊ ဌေးဝင်း(ရမ္မာဝတီ)၊ ကျော်မျိုးထွန်း၊ ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)၊  မင်းဇာနည်ဇော်၊ အောင်မြင့်ထွေးတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)၌ကျင်းပမည်ဖြစ်ပါ၍ ဆုပေးပွဲကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၉-၂၀၀၂၁၉၆၊ ၀၆၇- ၈၁၀၄၃၃၄၊  ၀၉-၄၂၉၀၃၅၃၅၀၊ ၀၆၇-၈၁၀၄၃၃၅  တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%81%8A-%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%81%8A-%E1%80%80%E1%80%97%E1%80%BB%E1%80%AC%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%93%E1%80%AB%E1%80%90%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2