spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်မြို့ရှိ တိုက်ကွမ်ဒိုကလပ်ပေါင်းစုံ အားကစားသရုပ်ပြပွဲကျင်းပ

ရန်ကုန်မြို့ရှိ တိုက်ကွမ်ဒိုကလပ်ပေါင်းစုံ အားကစားသရုပ်ပြပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီလ (၃)ရက်။

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် တိုက်ကွမ်ဒို အားကစားသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၌ ပြသခဲ့ရာ ပြည်သူ ၁၀၀၀ ခန့် လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

“ဒီနေ့သရုပ်ပြပွဲက ၂၀၁၉ လူထု လှုပ်ရှားမှုတစ်ရပ်အနေနဲ့ရယ် အားကစား တိုးတက်မြင့်မာရေးနဲ့ နွေရာသီသင်တန်းတွေအတွက် မျိုးဆက်သစ်ကစားသမား တွေရရှိဖို့ အခုလိုထွက်ပြီး သရုပ်ပြတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းပြချုပ် ဦးကျော်သန်းဦးက ပြောသည်။

အဆိုပါသရုပ်ပြပွဲတွင် ရန်ကုန်မြို့ ကလပ်ပေါင်းစုံမှ ကစားသမား ၁၅၀ ကျော်တို့က တိုက်ကွမ်ဒိုအခြေခံ ကစားနည်းများ သရုပ်ပြကြသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုကစားသမားနှင့် ကိုရီးယားတိုက်ကွမ်ဒိုကစားသမားများက တိုက်ကွမ်ဒိုပြကွက်များ ပြသကြသည်။ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်သည် ၁၉၈၉ ခုနှစ် ဇွန် ၁၂ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခုနှစ်အထိ တိုက်ကွမ်ဒို အားကစားသမား သုံးသိန်းကျော်ရှိကာ နွေ၊ မိုး၊ ဆောင်း သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ တာ၀န်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9B%E1%80%BE%E1%80%AD-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%95%E1%80%BC%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95