spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲများထွက်ပေါ်

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲများထွက်ပေါ်

ရန်ကုန် ဖေဖော်ဝါရီလ (၃)ရက်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်အိန္ဒိယအသင်းအပါအ၀င် မြန်မာ၊ အီရန်၊ နီပေါအသင်း တို့ လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရသည့် နှစ်သင်းမှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများကို ဖေဖော်ဝါရီ ၉၊ ၁၁၊ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနှင့် နီပေါ၊ အိန္ဒိယနှင့် အီရန်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် မြန်မာနှင့် အီရန်၊ အိန္ဒိယနှင့် နီပေါ၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနှင့် အိန္ဒိယ၊ အီရန်နှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအသင်းများသည် ဧပြီလ ပထမပတ်တွင် ကျင်းပမည့် ၂၀၂၀ တိုကျို အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေသည့်အသင်းများဖြစ်ပြီး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ၊ နီပေါနှင့် အိန္ဒိယအသင်းတို့သည် နို၀င်ဘာလ ဒုတိယပတ်က ကျင်းပသည့် ပထမအဆင့်ခြေစစ်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများတွင် ရလဒ်ပြတ်သားခဲ့ခြင်း မရှိကြောင်း သိရသည်။ မြန်မာအသင်းသည် အိန္ဒိယအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နီပေါအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ကာ နီပေါနှင့် အိန္ဒိယအသင်း တွေ့ဆုံမှုမှာလည်း သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်ထို့ကြောင့် ယခုအကြိမ်တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေပြီး ပွဲကောင်းများဖြစ်လာဖွယ်ရှိနေသည်။

ပြိုင်ပွဲ၀င် မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ် - ဦး၀င်းသူမိုး၊ လက်ထောက် နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်၀င်း၊ ဒေါ်ဇင်မာ၀မ်း၊ ဂိုးနည်းပြ -ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား- ဇာဇာမြင့်၊ မေဇင်နွယ်၊ နောက်တန်း- ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုး၀င်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ၀င်းသိဂႌထွန်း၊ ဂျူလိုင်ကျော်တို့ ပါ၀င်ကြသည်။ မြန်မာ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%BA