spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မုံရွာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

မုံရွာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

မုံရွာ  ၄  ဖေဖော်ဝါရီ  

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ  ၃  နာရီက  မုံရွာမြို့  ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ  Mr. Shri Y. Khemchand Singh က အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု (စစ်ကိုင်းတိုင်းဒေသကြီး) အားကစားနှင့်ကာယပညာသိပ္ပံ အမျိုးသမီးအသင်းနှင့် အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရ်ပြည်နယ်(ခ) အမျိုးသမီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ (စစ်ကိုင်းတိုင်းဒေသကြီး) အားကစားနှင့်ကာယပညာသိပ္ပံ  အမျိုးသမီးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော  မြန်မာနိုင်ငံကိုယ်စားပြု  စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ အမျိုးသမီးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးဒေါ်တင့်တင့် (စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယက)က ပထမ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရ်ပြည်နယ်(ခ) အမျိုးသမီးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ  ဥက္ကဌ ဒေါ်မာမာဝင်းက ဒုတိယဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95