spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲစတင်ကျင်းပ

၂ဝ၁၉ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲစတင်ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၅)ရက်။            

အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီက၊ ရန်ကုန်တိုင်းဒေသကြီး၊ (၉)မိုင်ရှိ မြန်မာ ဂေါက်ကလပ်၌ စတင်ကျင်းပခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို (၅.၂.၂ဝ၁၉)ရက်နေ့မှ (၈.၂.၂ဝ၁၉)ရက်နေ့အထိ တစ်ဦးချင်း(အကျောမဲ့)   ကျား/မ ပြိုင်ပွဲ၊ တစ်ဦးချင်း(အကျောပေး) ကျား/မ ပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့) ကျား/မ ပြိုင်ပွဲနှင့် အသင်းလိုက်(အကျောပေး) ကျား/မ ပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း တို့မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၁)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ဖေဖော်ဝါရီလ(၈)ရက်၊ သောကြာနေ့၊ နေ့လည်(၂)နာရီ အချိန်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95