နေပြည်တော်၊ နိုဝင်ဘာလ(၁၆)ရက်။
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြပါသည်။
ဆက်လက်၍ အမျိုးသားပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၅၆)မှတ်၊ (၂၄)မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ (၇၆)မှတ်၊ (၃၅)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ အမျိုးသမီးပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ (၅၈)မှတ်၊ (၈)မှတ်ဖြင့်လည်းကောင်း၊ တနသင်ာ္ရီတိုင်းဒေသကြီးအသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၂၈)မှတ်၊ (၁၃)မှတ်ဖြင့်လည်ကောင်း၊ ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ (၇၈)မှတ်၊ (၂၆)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ညနေပိုင်းပွဲစဉ်များတွင် အမျိုးသမီးပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ အမျိုးသားပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသည်။
(၁၇-၁၁-၂ဝ၁၇)ရက်နေ့တွင် အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည် ပွဲစဉ်များကို မနက် (၈)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။