spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ ၀န်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနား

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ ၀န်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနား

 

နေပြည်တော်၊ ဖေဖေါ်၀ါရီလ(၇)ရက်။ 

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ ၀န်ကြီးရုံး(အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အကြီးအကဲများနှင့်လက်အောက် ၀န်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ညနေ(၃)နာရီအချိန်တွင်  ရုံးအမှတ်(၃၁) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်း၀န်၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ အရာထမ်းများ/အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမှာစကား ပြောကြားရာတွင် ၀န်ထမ်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများ၊ ရာထူးခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ၀န်ထမ်းအိမ်ယာချထားရေး ကိစ္စရပ်များ၊ ၀န်ထမ်းများ နေထိုင်မကောင်းဖြစ်၍ ဆေးရုံ/ဆေးခန်း ပြရန်အခက်အခဲရှိပါက အချိန်မီ လာရောက် သတင်းပို့ရန်၊ ၀န်ထမ်းများ အနေဖြင့် မိမိတို့ ကျရာတာ၀န်များကို ၀န်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာ၀န်များကို ကျေပွန်စွာ ထမ်းဆောင်စေလိုကြောင်း၊ ယာဉ်မောင်းရာတွင် စည်းကမ်းရှိကြရန်၊ ရာထူးအဆင့် အကြီးအငယ်အလိုက် ရိုသေလေးစားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဓိက အချက်(၃)ချက် ရှိပါကြောင်း ပထမအချက်မှာ လုပ်ငန်းအဆင်မပြေမှုများ ဖြစ်ပါက အဆင့်ဆင့် တင်ပြကြရန် ဌာနတွင် Letter Box များထားပေးမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပတ်သက်၍ မိမိတို့ဌာနမှ ၀န်ထမ်းများအနေဖြင့် အဂတိကင်းရှင်းရန် လိုအပ်ကြောင်း၊ တတိယအချက်မှာ ဆီးချို/သွေးချိုရောဂါတွေ လာစစ်မည် ဖြစ်ကြောင်း၊ လစဉ် ရက်သတ္တပတ်(၂)ပတ်ခြားတစ်ခါ ၀ဏ္ဏသိဒ္ဓိကွင်းတွင် Physical Fitness Dance လေ့ကျင့်ခန်းများ မိမိနှင့်အတူ ဌာနမှအကြီးအကဲများပါမကျန် အားလုံးစုပေါင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE-%E1%81%80%E1%80%94%E1%80%BA%E1%80%91%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%BD%E1%80%B1%E1%80%B7%E1%80%86%E1%80%AF%E1%80%B6%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8