spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ၊ ဆုပေးပွဲကျင်းပ

၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ၊ ဆုပေးပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၈ )ရက်။         

၂ဝ၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဆုပေးပွဲကို ယနေ့ နေ့လည်(၂)နာရီက ရန်ကုန်မြို့၊ (၉)မိုင် ဂေါက်ကလပ်၌ ကျင်းပရာ ရိုက်ချက် တစ်ချက်တည်းဖြင့် ကျင်းဝင်သူ (Hold in 1) ဆုရရှိသူ မွန်ပြည်နယ်အသင်းမှ စိုးဇော်ဇော် အား၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးအောင်မြင့်ဦး၊ MK Myanmar Beer နှင့် (၉)မိုင်ဂေါက်ကလပ်တို့မှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း အကျောပေးပြိုင်ပွဲ၌ တတိယ မိုးပြည့်စုံခင် (ရန်ကုန်)၊ ဒုတိယ ဖူးမြင့်မြတ်ဦး (မန္တလေး)နှင့် ပထမ ခင်မြတ်မြတ်သူ (ကယား)တို့အားလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အကျောပေးပြိုင်ပွဲ၌ တတိယ သီဟလင်း(ရှမ်းပြည်နယ်)၊ ဒုတိယ အောင်မျိုးထွန်း(တနင်္သာရီ)၊ ပထမ မှိုင်းဝေဦး (ရှမ်းပြည်နယ်)တို့မှလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲ၌ တတိယ စိမ့်ရတနာ (ကယားပြည်နယ်)၊ ဒုတိယ သိမ့်ဘိုဘိုဉာဏ် (ရန်ကုန်)နှင့် ပထမ ခင်ဇာနည်အောင် (မန္တလေး)တို့မှလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲ၌ တတိယ ပြည့်စုံဝင်း(တနင်္သာရီ)၊ ဒုတိယ ချစ်ရင်ထူး(ပဲခူး)နှင့် ပထမ ရာဇာအောင် (ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် အကျောပေးပြိုင်ပွဲ၌ ဒုတိယ (ရှမ်းပြည်နယ်)အသင်းနှင့် ပထမ (ရန်ကုန်တိုင်းဒေသကြီး)အသင်းတို့မှလည်းကောင်း၊ အမျိုးသားအသင်းလိုက် အကျောပေး ပြိုင်ပွဲ၌ တတိယ မွန်ပြည်နယ်အသင်း၊ ဒုတိယ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပထမ (ရှမ်းပြည်နယ်)အသင်းတို့မှ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် အကျောမဲ့ပြိုင်ပွဲ၌ ဒုတိယ ကယားပြည်နယ်အသင်းနှင့် ပထမ မန္တလေးတိုင်းဒေသကြီးအသင်းတို့မှလည်းကောင်း၊ အမျိုးသားအသင်းလိုက် အကျောမဲ့ပြိုင်ပွဲ၌ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ပထမ ပဲခူးတိုင်းဒေသကြီးအသင်းတို့မှလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြပြီး အဆိုပါ တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးမျိုးသီဟ၊ (၉)မိုင်ဂေါက်ကလပ်မှ တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသည်။

 

ဆက်လက်ပြီး ၂ဝ၁၉ခုနှစ်အတွက် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရ ပဲခူးတိုင်းဒေသကြီးအသင်း တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ လည်းကောင်း၊ ၂ဝ၁၉ခုနှစ်အတွက်  အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ဖြင့် စုပေါင်း တံခွန်စိုက်ဒိုင်းရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးမျိုးသီဟ တို့မှလည်းကောင်း တံခွန်စိုက်ဒိုင်းဆုကြီးများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%81%8A-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95