spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

 
နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၁၀)ရက်။
 
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ကြသော ထုတ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီအချိန်မှစ၍ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃)၌ အသီးသီးကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
 
  
 
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲများအဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဏာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ စီမံကိန်းနှင့်ဘဏ္ဏာရေး၀န်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းမှ လာရောက်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် နေပြည်တော်စည်ပင်အသင်းမှ လည်းကောင်း၊ ပြည်ထောင်စုရာထူး၀န်အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ ပြည်သူ့လွှတ်တော်အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
 
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ ပညာရေး၀န်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဏာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုတ်စည်းတိုး(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ အနိုင်ရရှိသွားပြီး ပြိုင်ပွဲများကို ညနေ(၄)နာရီတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8