spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးတက်ရောက်ဆုများချီးမြႇင့်

၂ဝ၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးတက်ရောက်ဆုများချီးမြႇင့်

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်။

၂ဝ၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ကြသော ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး)၊ ဂုန်နီအိတ်စွပ်(အမျိုးသား/အမျိုးသမီး)၊ မီတာ(၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ) (အမျိုးသား/အမျိုးသမီး)၊ သုံးချောင်းထောက်(အမျိုးသား/အမျိုးသမီး)၊ ထုပ်စည်းတိုး (အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများအား ယနေ့နံနက်(၇:၃ဝ)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃)၌ အသီးသီးကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ဝင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည့်ရှုခဲ့ပါသည်။

ယနေ့ နံနက်(၇:၃ဝ)နာရီအချိန်မှစ၍ ခေါင်းအုံးရိုက်(ကျား/မ)၊ ဂုန်နီအိတ်စွပ်(ကျား/မ)၊ မီတာ (၁ဝဝ/၂ဝဝ/၄ဝဝ) (ကျား/မ)၊ သုံးချောင်းထောက်(ကျား/မ)ပြိုင်ပွဲများနှင့် ထုပ်စည်းတိုး(မ)၊ လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေကြပုံများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ ထုပ်စည်းတိုး (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရ ဗိုလ်စွဲသွားပါသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးအားကစားကွင်း(၃)၌ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား) တတိယလုပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နေပြည်တော် စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ (အမျိုးသမီး) တတိယလုပွဲအဖြစ် စီမံကိန်းနှင့်ဘ႑ာရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ စီမံကိန်းနှင့်ဘ႑ာရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှလည်းကောင်း၊ (အမျိုးသမီး)ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုကို နေပြည်တော်စည်ပင်အသင်း၊ တတိယဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ဒုတိယကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှလည်းကောင်း၊ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ဆဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘ႑ာရေးဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းတို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွားမှလည်းကောင်း၊ ထုပ်စည်းတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် ဆုရရှိကြသော စတုတ္ထ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ တတိယ ပညာရေးဝန်ကြီးဌာနအသင်း၊ ဒုတိယ ပြည်ထောင်စုလွှတ်တော်ရုံးအသင်းနှင့် ပထမ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ လည်းကောင်း၊ ဆက်လက်ပြီး မီတာ(၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ)(ကျား/မ)၊ ဂုန်နီအိတ်စွပ်(ကျား/မ)၊ ခေါင်းအုံးရိုက်(ကျား/မ)၊ သုံးချောင်းထောက်(ကျား/မ)ပြိုင်ပွဲများမှ ဆုရရှိကြသူများအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်မြတ်ဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့မှ ပွဲစဉ်အလိုက် ဆုများကို ချီးမြႇင့်ရာ ထုပ်စည်းတိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲတွင် ပထမဆု (၁၅)သိန်း၊ ဒုတိယဆု (၁ဝ)သိန်း၊ တတိယဆု (၇)သိန်း၊ စတုတ္ထဆု (၃)သိန်း၊ မီတာ(၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ) (ကျား/မ)၊ ဂုန်နီအိတ်စွပ်(ကျား/မ)၊ သုံးချောင်းထောက် (ကျား/မ)၊ ခေါင်းအုံးရိုက်(ကျား/မ) ပြိုင်ပွဲတွင် ပထမဆု (၅)သောင်း၊ ဒုတိယဆု (၃)သောင်း၊ တတိယဆု (၂)သောင်းများ အသီးသီးပေးအပ်ချီးမြႇင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ရုံများအား ပြည်သူများ လွတ်လပ်စွာ အားကစားပြုလုပ်ခွင့် ခွင့်ပြုထားပြီးဖြစ်သလို နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ၊ ကျန်းမာကြံ့ခိုင်စေရေးအတွက် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ အားလုံး နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းဝန်းအတွင်းရှိ အားကစားကွင်း/ရုံများအား ဌာနအလိုက်ဖြစ်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း အားကစားပြုလုပ်ခွင့်ပြုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးချင်းကစားရသော GYM Fitness အားကစားခန်းမ၌သော်လည်းကောင်း၊ ဝန်ထမ်းကဒ်ဖြင့် မည်သူမဆို အခမဲ့ဝင်ရောက် လေ့ကျင့်နိုင်ကြောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း ပြိုင်ဘီး(စက်ဘီး)များထားရှိပြီး မည်သူမဆို လာရောက်အခမဲ့ လေ့ကျင့်နိုင်ရန်သော်လည်းကောင်း စီစဉ်ထားရှိမည်ဖြစ်ပြီး ထပ်မံပြုလုပ်မည့် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲအားလုံးကို ယခုထက်ပိုမို အရှိန်မြႇင့်တင်ပြီး ဝန်ကြီးဌာန အသီးသီး ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆုကြေးများ ယခုထက်ပိုမိုတိုးမြင့် ချီးမြႇင့်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်းကို သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6