spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ (၇၂)ကြိမ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂ဝ၁၉ခုနှစ်၊ (၇၂)ကြိမ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ( ၁၂ )ရက်။        

၂ဝ၁၉ခုနှစ် (၇၂)ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံကျိုက္ကဆံကွင်း ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးသီဟဇော်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပိုကာရီစွပ်ကုမ္ပဏီမှ  ကန်ထရီမန်နေဂျာ မာကိုတိုအီကဲမိုတို နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ရန်ကုန်တိုင်းအခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁ဝ)နှစ်မှ(၁၅)နှစ်အထိ ကလေးငယ်(၂ဝဝဝ) ဦး တက်ရောက်ကြသည်။

 

အဆိုပါ(၅)ကီလိုမီတာမာရသွန်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး(၂)သုတ်ခွဲ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးသီဟဇော်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထူးအောင်တို့က တာလွှတ်ပေးခဲ့ရာ အရှေ့မြင်းပြိုင်ကွင်းလမ်းမှ မြောက်မြင်းပြိုင်ကွင်းလမ်း၊ ဆရာစံလမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းသစ်မှ ဆရာစံလမ်းသို့ မြောက်မြင်းပြိုင်ကွင်းလမ်းမှတဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်းသို့ပန်းဝင်ခဲ့သည်။
 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က အမျိုးသား ပထမ၊ဒုတိယနှင့်တတိယဆုရရှိသူများကိုလည်းကောင်း၊  ပိုကာရီစွပ်ကုမ္ပဏီမှ  ကန်ထရီမန်နေဂျာ မာကိုတိုအီကဲမိုတိုက အမျိုးသမီး ပထမ၊ ဒုတိယနှင့်တတိယဆု ရရှိသူများကိုလည်းကောင်း၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးသီဟဇော်က အမျိုးသား စတုတ္ထမှ ဒသမအထိ ဆုရရှိသူများအားလည်းကောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့က အမျိုးသမီး စတုတ္ထမှ ဒသမအထိ ဆုရရှိသူများအားဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက အမျိုးသား/အမျိုးသမီးအဆင့်(၁၁)မှ (၅ဝ)အထိ ဆုရရှိသူများကို အသီးသီးပေးအပ်ချီးမြ§င့်ခဲ့ကြောင်းသိရှိရသည်။

 

    
    
    

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%82%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2