spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြိတ်မြို့၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် တတိယအကြိမ် လူထုစက်ဘီးစီးပွဲတော်ကျင်းပ

မြိတ်မြို့၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် တတိယအကြိမ် လူထုစက်ဘီးစီးပွဲတော်ကျင်းပ

မြိတ်  ၁၂  ဖေဖော်ဝါရီ  

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် တတိယအကြိမ် လူထုစက်ဘီးစီးပွဲတော်ကို ယနေ့ နံနက် ၆ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်း သဲကွင်း၌ကျင်းပခဲ့ရာ စက်ဘီးစီးနင်းသူ အားကစားသမားများနှင့် ဝါသနာရှင် ၁၀ဝ၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးနင်းပွဲတော်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြိတ်မြို့စက်ဘီးအသင်း Mergui Archipelago Club (MABC)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လူထုစက်ဘီးစီးပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်သူများအား စက်ဘီးစီးပွဲတော်စာတမ်းပါ အင်္ကျီများဝေငှပေးခဲ့ပြီး ကမ်းနားလမ်း သဲကွင်းအဆုံးမှ စတင်တာလွှတ်ခဲ့ရာ ကမ်းနားလမ်း အတိုင်းစီးနင်း၍ နာရီစင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ မြို့သစ်တံတားဦးလမ်း၊ ဦးမြတ်လေးလမ်း၊ လေယာဉ်ကွင်းလမ်း၊ ရှမ်းချောင်းလမ်းမကြီးအတိုင်း စီးနင်း၍ မဟာသိဒ္ဓိဇယစေတီတော်အထိ စီးနင်းခဲ့ကြပြီး ၎င်းနေရာတွင် ခေတ္တရပ်နား၍ လာရာလမ်းအတိုင်း ပြန်လည်စီးနင်းကာ မြိတ်ကမ်းနားလမ်း သဲကွင်းအဆုံးတွင် ပန်းဝင်လာခဲ့ကြကြောင်း၊ ပန်းဝင်လာသူအားလုံးကို စက်ဘီး ၅ စီး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95