spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၁၂.၂.၂၀၁၉ ရက်နေ့၊ နံနက် ၆:၀၀ နာရီအချိန်၊ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ၂၀၁၉ ခုနှစ် ၊ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "Myanmar Union Day National Peace Run" ၅ ကီလိုမီတာ ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲအခမ်းအနားကျင်းပပြုလုပ်

၁၂.၂.၂၀၁၉ ရက်နေ့၊ နံနက် ၆:၀၀ နာရီအချိန်၊ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ၂၀၁၉ ခုနှစ် ၊ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "Myanmar Union Day National Peace Run" ၅ ကီလိုမီတာ ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲအခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ် ဖေဖော်ဝါရီလ ၁၂ရက်။

၁၂.၂.၂၀၁၉ ရက်နေ့၊ နံနက် ၆:၀၀ နာရီအချိန်၊ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ၂၀၁၉ ခုနှစ် ၊(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "Myanmar Union Day National Peace Run" ၅ ကီလိုမီတာ ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၊ပြည်နယ်လူမှုရေး၀န်ကြီး၊ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲထွေး၊ပြည်နယ်သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာညီညီအောင်၊ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူး(လူထု/ပညာ) ဦးဌေးအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊လက်ထောက်ညွှန်ကြားရေးမှူးဦးတင်မြင့်၊ Pocari Sweat မှ တာဝန်ရှိသူများ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊အားကစားဝါသနာရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အပြေးပြိုင်ပွဲ သို့အခြေပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများ၊ရပ်ကွက်ပေါင်းစုံမှအားကစားဝါ သနာရှင်များစုစုပေါင်းပြိုင်ပွဲဝင်၂၅၀၀ ကျော်တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ပြည်နယ်လူမှုရေး၀န်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာ မျိုးထွန်းနှင့်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်တို့က သေနတ်ပစ်ဖောက် တာလွှတ်ပေးရာ ပြိုင်ပွဲဝင်များကပြည်နယ်လေ့ကျင့်ရေး အားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း စဝ်စံထွန်းဆေးရုံ ရှေ့မှတဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်းမှ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံသို့ပန်းဝင်ကြပြီး ပြိုင်ပွဲတွင်အမျိုးသား၊ အမျိုးသမီး၊ပထမ ဆု ၃ သိန်း ၊ဒုတိယဆု၂ သိန်း၊တတိယဆု ၁သိန်းစီနှင့် အဆင့် ၄ မှ အဆင့် ၁၀ ထိဆု ရရှိသူများ တစ်ဆုလျှင် ငါးသောင်း၊ အဆင့် ၁၁ မှ ၂၀ ထိဆုရရှိသူများကိုတစ်ဆုလျှင် သုံးသောင်း၊ အဆင့်၂၁ မှ ၅၀ ထိဆု ရရှိသူ များကို တစ်ဆုလျှင် တစ်သောင်းစီဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ညွှန်ကြားရေးမှူး (လူထု/ပညာ) ဦးဌေးအောင် ၊ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး
ဦးကျော်ကျော်သိန်း၊ Pocari Sweat အားဖြည့်အချိုရည်မှ တာဝန်ရှိသူတို့နှင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%82%E1%81%82%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%9B%E1%80%80%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%81%8A-%E1%80%94%E1%80%B6%E1%80%94%E1%80%80%E1%80%BA-%E1%81%86%E1%81%80%E1%81%80-%E1%80%94%E1%80%AC%E1%80%9B%E1%80%AE%E1%80%A1%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%81%8A-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%8A-%E1%81%87%E1%81%82