spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၅ကီလိုမီတာပြိုင်ပွဲအား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိမြို့ကြီးများ၌ တစ်ချိန်တည်းကျင်းပ

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၅ကီလိုမီတာပြိုင်ပွဲအား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိမြို့ကြီးများ၌ တစ်ချိန်တည်းကျင်းပ

 
နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၁၃)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကိုရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိပြည်သူလူထုများ အားကစားကို ယခင်ကထက် ပိုမိုပူးပေါင်းပါ၀င်လာစေရန် ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲအား တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးစိုက်ရာ မြို့ကြီးများ၌ နံနက်(၆)နာရီအချိန်မှစတင်၍ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြပါသည်။ 
 
 
 
ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာတွင် ကျောင်းသား/သူများ၊ ပြည်သူလူထုများ၊ အားကစားဝါသနာရှင်များ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပျမ်းမျှအင်အားတစ်မြို့လျှင် (၁၀၀၀)ကျော်ခန့်ပါ၀င်ပြီး နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသခံလူမှုရေး၀န်ကြီးများ၊ ဒေသခံကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်၍ သေနတ်ပစ် တာလွှတ်ပေးပြီး ပြိုင်ပွဲအပြီး ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
 
 
 
ဆက်လက်၍ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိက စပွန်ဆာကုမ္ပဏီများဖြစ်ကြသော Pocari Sweat  ကုမ္ပဏီမှ ရန်ကုန်၊ တောင်ကြီး၊ ပြည်မြို့ (၃)မြို့အား အဓိက စပွန်ဆာပေးပြီး ဆုတံဆိပ်၊ ဆုကြေးငွေနှင့် Pocari Sweat တီရှပ်များ ပြေးလမ်းတစ်လျှောက် ကြော်ငြာ၊ ဗီနိုင်း၊ ရေဓါတ်ဖြည့် နေရာများအားလည်းကောင်း၊ Milo(Nestle)  ကုမ္ပဏီမှ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေး၊ နေပြည်တော်၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း တိုင်းဒေသကြီး(၆)ခုအား ဆုတံဆိပ်၊ ဆုကြေးငွေနှင့် Milo တီရှပ်များအားလည်းကောင်း၊ စပွန်ဆာမရရှိသော ကျန်ဒေသများထဲမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Nat Ray Life Fitness Co.Ltd မှ လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ကုန်ကျစရိတ်အား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပံ့ပိုးပေးခဲ့ကြောင်းသိရှိရပါသည်။
 
 
 
အဆိုပါပြိုင်ပွဲ Pocari Sweat နှင့် Milo(Nestle) Co.Ltd  တို့မှ ဖြစ်မြောက်အောင်ကူညီပေးခဲ့ပြီး ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%81%85%E1%80%80%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF%E1%80%99%E1%80%AE%E1%80%90%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%AC%E1%80%B8