spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီဆိုင်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်

ဆီဆိုင်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်

ဆီဆိုင် ၁၄ ဖေဖော်ဝါရီ    

ကျောင်းသားလူငယ်များ အားလပ်ရက်ရှည်ဖြစ်သော နွေရာသီအချိန်အခါတွင် အချိန်ကိုအလဟဿမဖြစ်စေရန်အတွက်  ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြခံအားကစားသင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ပိုင်းမှစ၍ မြို့နယ်ခန်းမဝင်း၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၂၀ဝ တက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကိုယ်လက် ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒနှင့် အားကစား လုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် ဖြစ်ပေါ်လာရေး၊ အားကစားနှင့်စနစ်တကျ တတ်သိနားလည် လေ့လာလိုက်နာရေးနှင့် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွန်းလာရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ မြန်မာ့သိုင်း (ကျား/မ)၊ Myanmar Fitness dance/Physical dance အစရှိသည့် အားကစားနည်း(၄)မျိုးကို သင်တန်းနည်းပြ ၅ ဦးဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၁၃ ရက်အထိ သင်ကြားပို့ချသွားဖြစ်ကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7