spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တပ်ကုန်းမြို့တွင် နွေရာသီအခြေခံအားကစားနည်းသင်တန်း အားကစားနည်း (၇)မျိုး သင်ကြားပို့ချ

တပ်ကုန်းမြို့တွင် နွေရာသီအခြေခံအားကစားနည်းသင်တန်း အားကစားနည်း (၇)မျိုး သင်ကြားပို့ချ

တပ်ကုန်း ၁၄ ဖေဖော်ဝါရီ။

 

နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်တွင် အားကစားနှင့် ကာယပညာကော်မတီနှင့် ပညာရေးဌာနမှ ပေါင်းစပ်၍ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အားကစားနည်း (၇)မျိုး သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးဝန်ကြီးဌာနမှ ကာယဆရာမများဖြစ်သည့် ဒေါ်မေဦးခိုင်နှင့် ဒေါ်ဖူးခက်ခက်ဝေတို့က Fitness dance အကနှင့် သရုပ်ပြတင်ဆက်ကပြခဲ့ပြီး သင်တန်းပို့ချမည့် အားကစားနည်း (၇)မျိုးမှာ ရိုးရာခြင်း၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ အေရိုးဗစ်၊ ခရစ်ကက်နှင့် ဘောလုံးအားကစားနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၅ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၉၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

crd to: mdn.gov.mm

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%95%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8-%E1%81%87%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8-%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%81%E1%80%BB