spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၃)ကြိမ်မြောက်ကမ္ဘာ့ နဂါးလှေလှော်ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း

(၁၃)ကြိမ်မြောက်ကမ္ဘာ့ နဂါးလှေလှော်ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း

 
ရန်ကုန်၊ နိုဝင်ဘာလ( ၁၈ )ရက်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကူးမင်းမြို့တွင် အောက်တိုဘာ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက်ကမ္ဘာ့နဂါးလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ကြေးတံဆိပ်(၁)ခုဖြင့် နိုင်ငံ့ဂုဏ်ဆောင် ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကြ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ဒုတိယဥက္ကြ ဦးကျော်ကျော်လှိုင်နှင့် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ အောင်ပွဲရအားကစားသမားများတက်ရောက်ကြသည်။
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြု အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဌဦးသောင်းထိုက်မင်းက ကမ္ဘာ့ နဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံနှင့် အဖွဲ့ချုပ်၏လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
 
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဌဦးသောင်းထိုက်မင်းအား ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
 
 
ထို့နောက် KBZ  ဘဏ်မှဦးအောင်ကျော်မျိုး (Deputy CEO -1) ကအောင်ပွဲရမြန်မာ့ လှေလှော် အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁ဝဝ)၊ Farmers  Development  Public  Bank နှင့် Trusty  E- Commerce    မှ ဦးမြင့်သိန်း (Chairman, FDP Bank) က ဂုဏ်ပြုဆုငွေကျပ်သိန်း(၁ဝဝ)၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကျပ်သိန်း(၂ဝ)၊ Golden Inya Restaurant မှ ဦးနေထက်လင်းက ဂုဏ်ပြုဆုငွေကျပ်(၁ဝ)သိန်း၊ Myanmar Fitness Clup မှ ဦးကျော်ကျော်လွင်က ဂုဏ်ပြုဆုငွေကျပ်(၁ဝ)သိန်း စုစုပေါင်းသိန်း(၂၄ဝ)အား ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ အလှူရှင်များကလှေလှော် အားကစားလုပ်ငန်းများ ရှေ့ဆက်လုပ်ဆောင် နိုင်ရန်အတွက် JL Fastory Group မှ ဦးတင်ညွန့်(VC) ငွေကျပ်သိန်း(၁ဝဝ)၊ JL Hotel Group မှ ဦးတင်ထွန်းဦး (VC) ကငွေကျပ်သိန်း(၁ဝဝ)၊ TopTen Star Prorduction Co.,Ltd  ဦးအေးထွန်းရွှေ (ED) နှင့် ဦးသန်းထွန်း(ED) တို့က ငွေကျပ်သိန်း(၁ဝဝ)၊ Farmers Development Public Bank နှင့် Trusty E.Commerce မှ ဒေါ်စောနန်းယု(ဒါရိုက်တာ) က ငွေကျပ်သိန်း(၁ဝဝ)၊ Golden Land Reas Estate Co.,Ltd (Golden City Project )  မှ Mr. Lai  ကငွေကျပ်သိန်း(၁ဝဝ)၊ Prime Residence Co.,Ltd (The Heritage  Kaempinsiki Hotel Yangon) မှ ဦးသောင်းထိုက်မင်း(VC)နှင့်ဇနီးတို့က ငွေကျပ်  သိန်း(၁ဝဝ)၊ ဦးနေဝင်းမောင်နှင့်ဇနီးဒေါ်မြင့်မြင့်ဌေးမိသားစုက ငွေကျပ်သိန်း(၃ဝ)၊ Super Seven Stars မှ ဦးစံလင်းက ငွေကျပ်(၂၅)သိန်း၊ OK စက်သုံးဆီမှ ဦးသန့်ဇော်လင်းက ငွေကျပ်(၂၅)သိန်း၊ Famous Group of   ကုမ္ပဏီမှ ဦးကျော်ဆွေက ငွေကျပ်(၂၅)သိန်း၊ SM Development    ကုမ္ပဏီမှ ဦးစိုးနိုင်နှင့်ဦးမောင်မောင်အောင် တို့က ငွေကျပ်(၂၅)သိန်း၊ Naing Group ကုမ္ပဏီ မှ ဦးကျော်နိုင်ဦးက ငွေကျပ်(၂၅)သိန်း၊ Good Morning  မှ ဦးကြည်စိုးက ငွေကျပ်(၂၅)သိန်း၊ Jasmine Pasace Hotel  မှ ဦးဆန်းနောင်က ငွေကျပ်(၂၅)သိန်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဦးစိုးထွန်းရှိန်က ငွေကျပ်(၂၅)သိန်း၊ဧရာဟင်္သာ ကုမ္ပဏီလီမိတက် မှ ဦးဇော်ဝင်းရှိန် (Chairman) မှ ငွေကျပ်(၂၅)သိန်း၊  PMG သောက်ရေသန့် မှ ဦးသိန်းဝင်းက ငွေကျပ်(၂၅)သိန်း၊ စေပိုင်ကုမ္ပဏီလီမိတက်မှ ဦးမောင်ဝိတ်(Chairman) ကအလှူငွေကျပ်(၂၅)သိန်း၊ အာရှကမ္ဘာမြေ ကုမ္ပဏီလီမိတက်မှ ဦးဝင်းနိုင်ထွန်းက အလှူငွေကျပ် (၂၅)သိန်း၊ OK Myanmar မှ ဦးကျော်ကျော်လှိုင်က အလှူငွေကျပ်(၂၅)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ်(၉၅၅)သိန်းကို အသီးသီးပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကြ ဦးတင်မောင်ထွန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍အောင်ပွဲရအားကစားသမားကိုယ်စား အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒေါ်စောမြတ်သူ (နည်းစနစ်မှူး) က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြု ညစာစားပွဲဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%83%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7-%E1%80%94%E1%80%82%E1%80%AB%E1%80%B8%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%B7%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%80%E1%80%BC%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7