spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်းအမှတ် ကိုယ်လက်လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်းအမှတ် ကိုယ်လက်လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဖေဖော်ဝါရီလ(၁၉) ရက် ။

ကျန်းမာရေနှင့်အားကစားဝန်းကြီးဌာန ၊ ဒုတိယဝန်ကြီး၏လမ်းညွှန်ချက်အရ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရန်နှင့်ကင်ဆာရောဂါ လျော့ကျစေရန်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါနေ့အခမ်းအနားကို ယနေ့နံနက် (၇:၃၀)နာရီအချိန် ပြည်နယ်အားကစားရုံသစ်(ဒေါဥခူ)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမႉး ဦးမိုးကျော်လွင် ၊ ဒုတိယညွှန်ကြားရေးမႉး ဦးကိုကို၊ လက်ထောက်ညွှန်ကြားရေးမႉး ဒေါ်နော်မေရီမိုးနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမႉး ဦးယောဟန် ၊ ပြည်နယ်/ခရိုင် ဝန်ထမ်းများ ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ စုစုပေါင်း အင်အား(၂၀၈)ဦး ပါဝင်လှုပ်ရှားခဲ့ပါသည်။

ထို့နောက် ၫှှန်ကြားရေးမႉးမှ ကင်ဆာရောဂါအကြောင်းတစ်စေ့တစ်စောင်းနှင့် အားကစားလှုပ်ရှားခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဇွန်ဘာလေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွဲ့ခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%80%E1%80%84%E1%80%BA%E1%80%86%E1%80%AC%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF-%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA