spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မိတ္ထီလာတွင် မြန်မာ့သိုင်းအပါအဝင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်

မိတ္ထီလာတွင် မြန်မာ့သိုင်းအပါအဝင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၃

မိတ္ထီလာတွင်  မြန်မာ့သိုင်းအပါအဝင် နွေရာသီအခြေခံအားကစားသင်တန်းများကို မတ် ၁ မှ မတ် ၃ဝအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မျိုးစိမ့်စိမ့်ကျော် ကပြောသည်။

မိတ္ထီလာမှာ ဒီနှစ်နွေရာသီ အခြေခံအားကစားသင်တန်းတွေကို မတ်လ ၁ ရက်နေ့က ၃ဝ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်။ မြန်မာ့သိုင်းအပါအဝင် ကရာတေးဒို၊ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော စတဲ့အားကစားနည်းသင်တန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူများအနေနဲ့ ပေါက်ချောင်းရပ်ကွက်မှာရှိတဲ့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးကို လာရောက်စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ် ဟု မြို့နယ်ဦးစီးမှူး ဒေါ်မျိုးစိမ့်စိမ့်ကျော်က ပြောသည်။

မိတ္ထီလာတွင်ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားနည်းသင်တန်းများကို မြို့နယ်အားကစားကွင်းနှင့် ခရိုင်အားကစားကွင်းတို့တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ကာ အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ အားကစားဝါသနာပါသူ ကျောင်းသူ ကျောင်းသားများတက်ရောက်ကြောင်းသိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%AE%E1%80%9C%E1%80%AC%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%80%9D%E1%80%84%E1%80%BA-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%81%E1%80%BB%E1%80%99%E1%80%8A%E1%80%BA