spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တွံတေးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

တွံတေးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

တွံတေး၊ ဖေဖော်ဝါရီ  ၂၂

လူငယ်လူရွယ် ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်စေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးအတွက် ၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဋ္ဌာနတို့ပူးပေါင်း၍ဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းကို အသက် ၈ နှစ်မှ ၁၄ နှစ်အထိ လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် မတ်လ (၁)ရက်နေ့မှ စတင်၍ မြို့မဘောလုံးကွင်းနှင့် အောင်ဆန်းသူရိယ အေးချိုအားကစားခန်းမတို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားသင်တန်းများတွင် ဘောလုံး(ကျား/မ) ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်စသည့်အားကစားနည်း ရှစ်မျိုးပါဝင်ပြီး မတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ မနက်/ညနေ အချိန်များတွင် သင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံကျောင်းများတွင် စာရင်းပေးသွင်းနိုင်ကြောင်း ဆက်သွယ်လိုပါက ဝ၉-၄၂၀၁၁၅၂၃၇/ ဝ၉-၄၂၀၁၄၀၆၀၃ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%BD%E1%80%B6%E1%80%90%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%99%E1%80%8A%E1%80%BA