နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့ နံနက်(၇:ဝဝ)နာရီမှ စတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
ရှေးဦးစွာ အမျိုးသမီး မီတာ(၅ဝဝဝ)အပြေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အေးအေးသန်း(ပြည်ထဲရေး)မှ (၁၈)မိနစ် (ဝ၄.၇၉)စက္ကန့်ဖြင့် ပထမ၊ အေးအေးအောင် (ပြည်ထဲရေး)မှ (၁၈)မိနစ် (၁၄.၈ဝ)စက္ကန့်ဖြင့် ဒုတိယ၊ နှင်းယုစိုး(ကာကွယ်ရေး)မှ (၁၉)မိနစ် (၁၅.၈၄)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၅ဝဝဝ) အပြေးပြိုင်ပွဲတွင် ဇာနည်ထွန်း(မြို့/စည်ပင်)မှ (၁၅) မိနစ် (၄၃.၃၉)စက္ကန့်ဖြင့် ပထမ၊ ပန်းလှေ(ဆောက်လုပ်ရေး)မှ (၁၅)မိနစ် (၄၅.၇၆)စက္ကန့်ဖြင့် ဒုတိယ၊ ရှိုင်းအောင်(ကျန်း/အား)မှ (၁၅)မိနစ် (၅၉.၉၆)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိသွားပါသည်။
အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် မာမာစမ်း (ကျန်း/အား)မှ (၃၉.၂၆)မီတာဖြင့် ပထမ၊ မေဇင်သက် (ပြည်ထဲရေး)မှ (၃၃.၂၁)မီတာဖြင့် ဒုတိယ၊ ရွှေလင်းကြည် (ကာကွယ်ရေး)မှ (၃၂.၆ဝ)မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် လန်ဒန်မွှေး (ကျန်း/အား)မှ (၄ဝ.၉၄) မီတာဖြင့် ပထမ၊ ပေါင်ဆွမ်းလျံ (ကာကွယ်ရေး)မှ (၃၆.၉၃)မီတာဖြင့် ဒုတိယ၊ နေစိုးဦး (ကာကွယ်ရေး) မှ (၃၅.၄၄)မီတာဖြင့် တတိယကိုလည်းကောင်းအသီးသီးရရှိသွားပါသည်။
အမျိုးသမီး တုတ်ထောက်ခုန်ပြိုင်ပွဲတွင် နေနေဝင်း(စိုက်/ဆည်)မှ (၂.၈ဝ)မီတာဖြင့် ပထမ၊ ဂျက်နက်(ကာကွယ်ရေး) မှ (၂.၇ဝ)မီတာဖြင့် ဒုတိယ၊ နဒီလှိုင်း (ပြည်ထဲရေး)မှ (၂.၆ဝ)မီတာဖြင့် တတိယကိုလည်းကောင်း အသီးသီးရရှိသွားပါသည်။
အမျိုးသား မီတာ(၁၁ဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် လွင်မိုး(ဆောက်လုပ်ရေး)မှ (၁၅.၂၈)စက္ကန့်ဖြင့် ပထမ၊ ကျော်မျိုးမင်း (မြို့/စည်ပင်)မှ (၁၅.၅၂)စက္ကန့်ဖြင့် ဒုတိယ၊ ဆာအာဖာ(မြို့/စည်ပင်)မှ (၁၅.၆၃)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၁ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် အိသက်လွင် (ကာကွယ်ရေး)မှ (၁၄.၉၅)စက္ကန့်ဖြင့် ပထမ၊ နှင်းဝေရည် (ပြည်ထဲရေး)မှ (၁၆.၃၆)စက္ကန့်ဖြင့် ဒုတိယ၊ ခင်မာအေး(ဆောက်လုပ်ရေး)မှ (၁၆.၆၂)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း အသီးသီး ရရှိသွားပါသည်။
အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ဟိန်းပြည့်စုံ (မြို့/စည်ပင်)မှ (၆.၆၅)မီတာဖြင့် ပထမ၊ ကျော်ထက်အောင် (ကျန်း/အား)မှ (၆.၆၄)မီတာဖြင့် ဒုတိယ၊ ဇင်ကိုဌေး(မြို့/စည်ပင်)မှ (၆.၅၃)မီတာဖြင့် တတိယကိုလည်းကောင်း အသီးသီးရရှိသွားပါသည်။
အမျိုးသား မီတာ(၄ဝဝ)ပြိုင်ပွဲတွင် မြင့်နိုင်(ကျန်း/အား)မှ (၅ဝ.၁၆)စက္ကန့်ဖြင့် ပထမ၊ ဇော်ဇော်နိုင် (ပြည်ထဲရေး)မှ (၅ဝ.၉၄)စက္ကန့်ဖြင့် ဒုတိယ၊ ဟိန်းနောင်နောင် (ပြည်ထဲရေး) မှ (၅၂.၂၂)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၄ဝဝ)ပြိုင်ပွဲတွင် သီသီမွန်(ကာကွယ်ရေး)မှ (၅၈.ဝ၂)စက္ကန့်ဖြင့် ပထမ၊ ဆွေလီမြင့် (ပြည်ထဲရေး)မှ (၅၉.၂၅)စက္ကန့်ဖြင့် ဒုတိယ၊ နန်းပိုးဥ (ပြည်ထဲရေး)မှ (၁) မိနစ် (ဝ၁.၂ဝ)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။
အဆိုပါ ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသား တံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ် ပြိုင်ပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ကြီးဌာန(၈)ခုနှင့် အားကစားသမား စုစုပေါင်း (၂၁၄)ဦးတို့သည် ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့ အထိ ပြိုင်ပွဲ အမျိုးအစား (၄၄)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နံနက်(၇:ဝဝ)နာရီမှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။