spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၄၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ

(၄၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ

 
ရန်ကုန်၊ နိုဝင်ဘာလ( ၁၉ )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့ မှ ကြီးမှူးကျင်းပသော (၄၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင် မှုပြိုင်ပွဲ နှင့်ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ ၊ ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် အလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစား ဆပ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အသက်(၂၅)နှစ်အောက် ကာယဗလမောင်(၆ဝ)ကီလိုတန်းတွင် ပထမဆုရ ရန်ပိုင်စိုး (မန္တလေးတိုင်း)၊ ဒုတိယဆုရ ငြိမ်းချမ်းထွေး(စစ်ကိုင်းတိုင်း)၊ တတိယဆုရ မုန်ဘန်အောင် (ကချင်) တို့အား ဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ ၊ ဒုတိယဥက္ကဌ ဦးကျော်သန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့်တာဝန်ရှိသူများက အသက်(၂၅) နှစ်အောက် ကာယဗလမောင် (၆၅)ကီလိုတန်းတွင် ပထမဆုရ ဟိန်းဇော်လင်း(ဧရာဝတီတိုင်း)၊ ဒုတိယဆုရ အောင်မြင့်သိန်း(မကွေးတိုင်း)၊ တတိယဆုရ စသူလှိုင် (ဧရာဝတီတိုင်း)၊ အသက်(၂၅)နှစ်အောက် ကာယဗလမောင်(၇ဝ)ကီလိုတန်းတွင် ပထမဆုရ ထက်ဝဠာထင်ရှား (ဧရာဝတီတိုင်း)၊ ဒုတိယဆုရ မျိုးစိုင်းဦး(မန္တလေးတိုင်း)၊ တတိယဆုရ ဇော်ဌေးမောင်(မကွေးတိုင်း)၊ အသက်(၂၅)နှစ်အောက်ကာယဗလမောင်(၇၅)ကီလိုတန်းတွင် ပထမဆုရ ချစ်ဖွယ် (မန္တလေးတိုင်း)၊ ဒုတိယဆုရ သူရိန်ဘို(မကွေးတိုင်း)၊ တတိယဆုရ အောင်ဇော်လင်း(ရန်ကုန်တိုင်း)၊ အသက်(၂၅)နှစ်အောက် ကာယဗလမောင်(၇၅)ကီလိုအထက်တန်းတွင် ပထမဆုရ ရောင်နီလင်း (မကွေးတိုင်း)၊ ဒုတိယဆုရ သက်ဦးဇင်(ရန်ကုန်တိုင်း)၊ တတိယဆုရ ဇင်မျိုးထွန်း(ရန်ကုန်တိုင်း)၊ အသက်(၂၅)နှစ်အောက် Man Sport  Physique ပြိုင်ပွဲတွင် ပထမဆုရ ထွန်းထွန်းဦး (ရန်ကုန်တိုင်း)၊ ဒုတိယဆုရ တင်စိုးဝင်း(ခ)နေလ(မန္တလေးတိုင်း)၊ တတိယဆုရ မင်းခန့်(ဧရာဝတီ တိုင်း)၊ အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း Model  Physique အမျိုးသမီး (၁၆ဝ)စင်တီမီတာ အောက်ပြိုင်ပွဲတွင် ပထမဆုရ သန္တာဦး(မန္တလေးတိုင်း)၊ ဒုတိယဆုရ ချူးမိုးမင်း(ရန်ကုန်တိုင်း)၊  တတိယဆုရ ကျင်ဒိန်ဆန်နွယ်(စစ်ကိုင်းတိုင်း)၊ အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း Model  Physique အမျိုးသမီး (၁၆ဝ)စင်တီမီတာ အထက်ပြိုင်ပွဲတွင် ပထမဆုရ အင်ကြင်းသန့်ဇင် (ရန်ကုန်တိုင်း)၊ ဒုတိယဆုရ အင်ကြင်းသန္တာခိုင်(မန္တလေးတိုင်း)၊  တတိယဆုရ သုနန္ဒာအောင် (တနသင်ာ္ရီတိုင်း)နှင့် တံခွန်စိုက်ဆုဖလားကို ရမှတ်(၈၆)မှတ်ဖြင့် မန္တလေးတိုင်းဒေသကြီးက ပထမ၊ ရမှတ်(၈၄)မှတ်ဖြင့်ရန်ကုန်တိုင်းက ဒုတိယ၊ ရမှတ်(၅၇)မှတ်ဖြင့် မကွေးတိုင်းက တတိယဆုများ ရရှိရာ  ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%84%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7