spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၇)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့ နံနက်(၇:ဝဝ)နာရီမှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးကျော်ခင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြပါသည်။

  

ရှေးဦးစွာ အမျိုးသမီး မီတာ(၁ဝဝဝဝ)ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြင့်မြင့်အေး (ကာကွယ်ရေး)မှ (၃၈) မိနစ် (ဝ၁.၉၇) စက္ကန့်ဖြင့် ပထမ၊ ယဉ်ငြိမ်းအေး(ကာကွယ်ရေး)မှ  (၃၉) မိနစ် (၃၈.ဝ၄) စက္ကန့်ဖြင့် ဒုတိယ၊ ငါးမယ်(ပြည်ထဲရေး)မှ (၄ဝ) မိနစ် (၃၆.၃၅) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသား မီတာ(၁ဝဝဝဝ)ပြိုင်ပွဲတွင် ဆန်းနိုင် (မြို့/စည်ပင်)မှ (၃၃) မိနစ် (၃၂.၆၆)စက္ကန့်ဖြင့် ပထမ၊ စိုးနိုင် (ကာကွယ်ရေး)မှ  (၃၃) မိနစ် (၃၅.၁၃) စက္ကန့်ဖြင့် ဒုတိယ၊ ပန်းလှေ (ဆောက်လုပ်ရေး)မှ (၃၃) မိနစ် (၃၇.၂၂)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် အမ်စိုးဇာ(ကျန်း/အား)မှ (၄၂.၇၉)မီတာဖြင့် ပထမ၊ ပပဦး (ပြည်ထဲရေး) မှ (၄၁.ဝ၆)မီတာဖြင့် ဒုတိယ၊ အေးအေးမာ (ဆောက်လုပ်ရေး) မှ (၃၇.၁၁) မီတာဖြင့် တတိယ ကိုလည်းကောင်း၊ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ၂ဝ၁၅ ခုနှစ်၊ ရဲထက်အောင်(မြို့/စည်ပင်)၏ မြန်မာပြည် မီတာ(၅ဝ.၃၁)နှင့် ၂ဝ၁၇ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ၏ မီတာ (၅ဝ.ဝ၄) စံချိန်တို့ကို ကျော်လွန်၍ ယခုပြိုင်ပွဲတွင် ထပ်မံ၍ ရဲထက်အောင်(ပြည်ထဲရေး)မှ (၅၁.၄၄)စံချိန်သစ်ဖြင့် လည်းကောင်း ပထမ၊ ထက်နေလင်း (မြို့/စည်ပင်) မှ (၄၈.၅၅) မီတာဖြင့် ဒုတိယ၊ နန္ဒအောင် (ဆောက်လုပ်ရေး) မှ (၄၆.၄၁) မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲတွင် စောဆာရှီး(စိုက်/မွေး/ဆည်)မှ (၄.၁ဝ)မီတာဖြင့် ပထမ၊ အောင်မြတ်စိုး (ဆောက်လုပ်ရေး)မှ (၄.ဝ၅)မီတာဖြင့် ဒုတိယ၊ ကျော်သူ (ဆောက်လုပ်ရေး)မှ (၃.၉ဝ) မီတာဖြင့် တတိယကိုလည်းကောင်း၊     အမျိုးသား မီတာ (၂ဝဝ)အပြေးပြိုင်ပွဲတွင်  ကျော်စွာအောင် (ကာကွယ်ရေး)မှ (၂၂.၄၉)စက္ကန့်ဖြင့် ပထမ၊ လွင်မိုး (ဆောက်လုပ်ရေး) မှ (၂၂.၅၉)စက္ကန့်ဖြင့် ဒုတိယ၊ ဟိန်းပြည့်စုံ (မြို့/စည်ပင်)မှ (၂၃.ဝ၁) စက္ကန့်ဖြင့် တတိယ ကိုလည်းကောင်း၊ အမျိုးသမီး မီတာ (၂ဝဝ)အပြေးပြိုင်ပွဲတွင်  သိမ့်သိမ့်စံ (ကာကွယ်ရေး)မှ (၂၅.၆ဝ)စက္ကန့်ဖြင့် ပထမ၊ ခင်မာနွယ် (ပြည်ထဲရေး) မှ (၂၆.၅၈)စက္ကန့်ဖြင့် ဒုတိယ၊ နော်မြင့်မြင့်စန်း (ပြည်ထဲရေး)မှ (၂၆.၉၁) စက္ကန့်ဖြင့် တတိယ ကိုလည်းကောင်း၊အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် အေးသန္တာ (စိုက်/မွေး/ဆည်)မှ  (၁.၅ဝ)မီတာဖြင့် ပထမ၊ ဝါဝါရွှေ (ပြည်ထဲရေး)မှ (၁.၄၅)မီတာဖြင့် ဒုတိယ၊ အေးချယ်ရီမြင့် (ကာကွယ်ရေး)မှ (၁.၄၅)မီတာဖြင့်  တတိယကိုလည်းကောင်း၊ အမျိုးသား မီတာ(၈ဝဝ)ပြိုင်ပွဲတွင် ဖြိုးကျော်ဇင် (မြို့/စည်ပင်)မှ (၁) မိနစ် (၅၆.၃၆) စက္ကန့်ဖြင့် ပထမ၊ မြင့်နိုင် (ကျန်း/အား)မှ (၁)မိနစ် (၅၈.၉၉) စက္ကန့်ဖြင့် ဒုတိယ၊ ကျော်နိုင်ထွေး (ပြည်ထဲရေး)မှ (၂)မိနစ် (ဝဝ.၆၅)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၈ဝဝ)ပြိုင်ပွဲတွင် အေးအေးအောင် (ပြည်ထဲရေး) မှ (၂) မိနစ် (၁၆.၄၆)စက္ကန့်ဖြင့် ပထမ၊ သီသီမွန်(ကာကွယ်ရေး)မှ (၂)မိနစ် (၁၆.၅၂) စက္ကန့်ဖြင့် ဒုတိယ၊ ဆွေလီမြင့် (ပြည်ထဲရေး) မှ (၂)မိနစ် (၂၁.၁၅)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားပါသည်။

  

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများမှ ပြိုင်ပွဲများတွင် ဆုရရှိကြသူများ အားဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးနေ့ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် နံနက် (၈:ဝဝ)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို နံနက်(၁ဝ:ဝဝ) နာရီ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်းသတင်းရရှိသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%86%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2