spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း(နေပြည်တော်)တွင် အားကစားနည်းအလိုက် သင်ကြားပြသမည့် နည်းပြများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တွေ့ဆုံ၍လမ်းညွှန်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း(နေပြည်တော်)တွင် အားကစားနည်းအလိုက် သင်ကြားပြသမည့် နည်းပြများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တွေ့ဆုံ၍လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၇)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိSocial Zone  ၌ ၂၀၁၉ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း(နေပြည်တော်)တွင် အားကစားနည်းအလိုက် သင်ကြားပြသမည့်နည်းပြများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားပါသည်။
 
 
 
ရှေးဦးစွာ နွေရာသီအခြေခံအားကစားသင်တန်း(နေပြည်တော်)တွင် အားကစားနည်း(၈)မျိုးဖြင့် (၂၈.၂.၂၀၁၉)ရက်နေ့မှ(၁၃.၃.၂၀၁၈)ရက်နေ့ထိ သင်တန်းဖွင့်လှစ်၍ ယခုတွေ့ဆုံပွဲတွင်တက်ရောက်လာသည့် အားကစားနည်းအလိုက် သင်ကြားပြသမည့် နည်းပြအင်အား(၁၄၇)ဦးအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက် သင်တန်းဖွင့်လှစ်မည့် အခြေခံပညာကျောင်းများသို့ တာ၀န် ခွဲဝေချထားသော နည်းပြများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား အခြေခံနည်းစနစ်များအား တတ်မြောက်လာစေရေး၊ အားကစားကိုစိတ်ပါ၀င်စားလာစေရေးအတွက် နည်းစနစ်မှန်မှန် လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ သင်တန်းကာလ(၂)ပတ်ဖြစ်သည့်အတွက်သင်တန်း(စ၊လယ်၊ဆုံး) သင်တန်းသားအင်အား လျော့နည်းသွားခြင်းမရှိစေရေးအတွက် တာ၀န်ခံဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နည်းပြများအနေနှင့် ကျောင်းအလိုက် အားကစားနည်းအလိုက် သင်တန်းတက်ရောက်နေမှု အခြေအနေနှင့် အခြားကြုံတွေ့ရသည့် အခက်အခဲများအား ညွှန်ကြားရေးမှူး(လူထု/ပညာ) ဦးဌေးအောင်ထံ သတင်းပို့ရန်လိုအပ်ကြောင်း၊
ဆက်လက်၍ နည်းပြများအနေဖြင့် တာ၀န်ထမ်းဆောင်စဉ် ကာလအတွင်းဌာန၏ ဂုဏ်သိက္ခာ၊ မိမိတစ်ဦးချင်း၏ ဂုဏ်သိက္ခာအားစောင့်ထိန်း၍ နည်းပြကျင့်၀တ်နှင့်အညီ ပြုမူပြောဆို နေထိုင်လုပ်ကိုင်သွားကြရန်လိုအပ််ပါကြောင်း၊ မိမိတို့၏ အပြုအမူအပြောအဆို အလုပ်အကိုင် နေထိုင်မှုများသည် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကို ပုံရိပ်အဖြစ် ထင်ဟပ်နေသောကြောင့် အထူးဂရုပြုရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%9E%E1%80%99%E1%80%8A%E1%80%BA%E1%80%B7