spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြင်းခြံတွင် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲပြုလုပ်

မြင်းခြံတွင် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲပြုလုပ်

မြင်းခြံ၊  မတ်လ ၂ ရက်

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြို့နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲကို မတ်လ ၁ ရက် မွန်းလွဲ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲတွင် သင်တန်းသားများဖြစ်ကြသော ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ဘက်စကက်ဘော၊ ဝူရှူး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်နှင့် Physical Fitness Dance အားကစားနည်း(၉)မျိုးမှ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး မြန်မာ့သိုင်းအဖွဲ့မှစွမ်းရည်ပြသခြင်း၊ ဝူရှူးအဖွဲ့မှစွမ်းရည်များပြသခြင်း၊  Physical Fitness Dance မှသရုပ်ပြသခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးသောင်းဝင်း၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူး ဒေါ်ခင်အေးမူ၊ မြို့နယ်အားကစားမှူး ဒေါ်အေးဖြိုးအောင်တို့မှ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သောင်းဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးကော်မတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊  ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ဘက်စကက်ဘော၊ ဝူရှူး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်နှင့် Physical Fitness Dance အားကစားနည်း ( ၉ ) မျိုးတွင် သင်တန်းသား ( ၄၇၅ ) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။ 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA