နေပြည်တော်၊ နေပြည်တော်(၂ဝ)ရက်။
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီတို့ ပူးပေါင်း၍ အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း (၂/၂ဝ၁၇) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈:၃ဝ)နာရီအချိန် တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ့အားကစား အဆင့် အတန်းကို အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် ပြန်လည်ဗိုလ်စွဲအနိုင်ရရှိအောင် ကြိုးစားကြရမှာ ဖြစ်ပြီး ထိုမှတစ်ဆင့် အာရှအားကစားပြိုင်ပွဲများ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများအထိပါ အောင်မြင်မှုများရရှိအောင် ဆင့်ကဲဆင့်ကဲကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊

ယခုလိုဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်အတူ ရင်ဘောင်တန်းနိုင်ရန်အတွက် အပြည်ပြည်ဆိုင် ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထားသော အိုလံပစ်မူဝါဒများ၊ အိုလံပစ်နောက်ခံသမိုင်း၊ အိုလံပစ် လှုပ်ရှားမှုနှင့် ခေတ်သစ်အိုလံပစ်အားကစားပွဲများ၊ အားကစားပြိုင်ပွဲတစ်ခုတွင် အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်သော (Fair Play) မျှတစွာကစားခြင်း၊ အားကစားနှင့် ကိုယ်ကျင့်တရားဆိုင်ရာများ၊ ပြိုင်ပွဲများကို စီမံခန့်ခွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းခြင်း၊ အားကစားနည်းစနစ်၊ နည်းဗျူဟာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အားကစားဆေးပညာ၊ Anti-Doping၊ အမျိုးသမီးများနှင့် အားကစားစသည့် သင်ခန်းစာများကို သိရှိနားလည်ရန်လိုအပ်သည့်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် ပူးပေါင်း၍ အိုလံပစ် သွေးစည်းညီñွတ်ရေးအစီအစဉ်အရ ယခုသင်တန်းကိုဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊
သင်တန်းမှပို့ချပေးသည့် သိပ္ပံနည်းကျ အားကစားဆိုင်ရာသင်ခန်းစာများကို မိမိတို့မှာရှိသည့် အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်အသုံးချပြီး မိမိနိုင်ငံ၏ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင်နှင့် မျိုးဆက်သစ်ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်အောင် ပြုစုပျိုးထောင်ပေးပြီး နိုင်ငံတော်၏ အားကစားတာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် လေးလေးနက်နက်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အိုလံပစ်သွေးစည်းညီñွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်းများကို နှစ်စဉ် (၃) ကြိမ်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ယခုဖွင့်လှစ် သည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း (၂/၂ဝ၁၇)တွင် သင်တန်းသား(၁၅)ဦး၊ သင်တန်းသူ (၂ဝ)ဦး၊ စုစုပေါင်း (၃၅)ဦးတို့ တက်ရောက်သင်ကြားပြီး နိုဝင်ဘာလ(၂ဝ)ရက်မှ (၂၄)ရက်နေ့အထိ သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။