spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

 
ထား၀ယ် မတ်လ ၁ ရက်
 
ယနေ့နံနက် (၀၈၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား၀ါသနာရှင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
 
 
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကားပြောကြားရာ တစ်မျိုးသားလုံးကျန်းမာသန်းစွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်ကချမှတ်ပေးထားသည့် အားကစားနှင့်ကာယပညာမူဝါဒတွေနှင့်အညီ အားကစားလုပ်ငန်းတွေကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းသည်လည်း လုပ်ငန်းတစ်ရပ်အနေဖြင့်ပါဝင်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း(၁၅)မျိုးကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့် လက်တွေ့အားကစားနည်းစနစ်နှင့် ကျွမ်းကျင်မှုသင်ခန်းစာများကို စနစ်တကျမှတ်သားပြီး ကြိုးစားမှုအပြည့်နှင့် ရည်ရွယ်ချက်ပြည့်မြောက်အောင်သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။
 
ထို့နောက် စစ်ရေးပြမှူးမှဦးဆောင်၍ သင်တန်းသားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့သည်။
 
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသနာရှင်များအား အားကစားအဖွဲ့များမှ မြန်မာ့သိုင်း၊ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့၊ Physical Fitness Dance များဖြင့် သရုပ်ပြဖျော်ဖြေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက သရုပ်ပြဖျော်ဖြေခဲ့ကြသည့် အားကစားအဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
 
 
နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း(၁၅)မျိုးကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကောလိပ်နှင့်တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၃၂၄)ဦးအား မတ်လ ၂၁ ရက်ထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%90%E1%80%AD%E1%80%AF%E1%80%B7-%E1%80%95%E1%80%B0%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7