spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မတ်လ( ၄ )ရက်။            

၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္လာတောင်ညွှန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားရုံ၌ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၄)ရက်နေ့အထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်နှင့် ဦးလှသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်အရာရှိများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ ဒုတိယဥက္ကဌ ဦးဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ကြည်နှင့် အမှုဆောင်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းအောင်က အလွတ်တန်းပြိုင်ပွဲတွင် စတုတ္ထ မှ ဒဿမအထိ  ဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ကြည် က အသက်(၂ဝ) နှစ်အောက် လူငယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ငွေသားဆုနှင့်အတူ ဆုတံဆိပ်ကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် က အသက်(၂၅)နှစ်အောက် လူငယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ငွေသားဆုနှင့်အတူ ဆုတံဆိပ်ကိုပေးအပ် ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း က အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိသူများအား ငွေသားဆုနှင့်အတူ ဆုတံဆိပ်ကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပဥက္ကဌ ဦးမောင်မောင်လွင်က အသင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ငွေသားဆုနှင့်အတူ ဆုတံဆိပ်ကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ကြည် တို့က အသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသည့် တာမွေမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6