နေပြည်တော် မတ် ၅။
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် စမတောင်ပရဟိတဂေဟာတွင် ယနေ့နံနက်(၀၈:၀၀)နာရီက ပရဟိတဂေဟာ ဘက်စုံသုံးခန်းမတွင် နွေရာသီအားကစားသင်တန်းများဖြစ်သော ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘောလုံး၊ ဘော်လီဘော၊ မြန်မာကြံ့ခိုင်မှု အကသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီ၀င် ဦးတင်ထွန်း တက်ရောက်အမှာစကားပြော၍ ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီ၀င် ဦးတင်ထွန်း၊ ပြည်ထောင်စုနယ်မြေ ညွှန်ကြားရေးမှူး ဦးတင်ဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦး၊ လယ်ဝေးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်အားကစားမှူးများ၊ ဂေဟာတာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ ၃၅၀ဦး တက်ရောက်ကြသည်။ နေပြည်တော်ကောင်စီ၀င် ဦးတင်ထွန်းမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အားကစားသရုပ်ပြ ကစားပြသပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။