spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > AFC Women's Football Day 2019 အခမ်းအနားကျင်းပ

AFC Women's Football Day 2019 အခမ်းအနားကျင်းပ

ရန်ကုန်၊ မတ်လ( ၉ )ရက်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် AFC Women's Football Day 2019 အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် ခရိုင်/မြို့နယ်မှအရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်း၊ ဒုတိယဥက္ကဌ ဒေါ်တင်တင်လှိုင်နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ်သီတာခိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးနည်းပြများ ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းက အဖွင့်အမှာစကားပြောကြား၍ မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်ဇင်မာဝမ်း က ဘောလုံးအကြောင်း သိကောင်းစရာများရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့သည်။

  

ဆက်လက်၍ အမျိုးသမီးငယ်များက ဘောလုံးကွင်းအတွင်း အခြေခံဘောလုံး ကိုင်တွယ်ခြင်းများ သရုပ်ပြသ၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသက်(၂၅)နှစ် အောက် အမျိုးသမီး အသင်းမှ (၂)သင်းခွဲ၍ သရုပ်ပြကစားခဲ့သည်။

AFC Women's Football Day 2019  အခမ်းအနားကို အာရှတိုက်နိုင်ငံများတွင် တစ်နှစ် တစ်ကြိမ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် ၂ဝ၁၆ခုနှစ်မှ စ၍ ၂ဝ၁၉ခုနှစ် အထိ(၄) ကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/afc-womens-football-day-2019-%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95