spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲကျင်းပ

လယ်ဝေး၊ မတ်လ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဒုတိယအကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၈ ရက် မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့ရှိ လေ့ကျင့်ရေးစင်တာ(၂) ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သာဝတ္ထိအသင်းနှင့် Galaxy star အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Galaxy star အသင်းက တစ်ဂိုး သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုရကစားသမားများကို တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ထို့နောက် တတိယရရှိသော လယ်ဝေးအသင်း၊ ဒုတိယရရှိသော သာဝတ္ထိအသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများကို သက်ဆိုင်ရာမှတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမရရှိသော Galaxy star အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားကို လယ်ဝေးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်(မြို့နယ်အုပ်ချုပ်ရေးမှူး)မှ  ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ လာရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက်မှ မတ် ၈ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%81%8A-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9C%E1%80%9A%E1%80%BA%E1%80%9D%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8