spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ညောင်ဦးမြို့တွင် နွေရာသီအားကစားသင်တန်းများ တစ်လကြာသင်ကြားလျက်ရှိ

ညောင်ဦးမြို့တွင် နွေရာသီအားကစားသင်တန်းများ တစ်လကြာသင်ကြားလျက်ရှိ

ညောင်ဦး၊  မတ်လ ၇

ညောင်ဦးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်းတွင် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လကြာ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ကြောင်း သိရသည်။ 

အဆိုပါ သင်တန်းတွင် ဘောလုံး၊ အေရိုးဗစ်နှင့် တိုက်ကွန်တို အစရှိသည့် အားကစားနည်းများကို သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းအား ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သောအနာဂတ်သားကောင်းများဖြစ်လာစေရန်၊ အားကစားနည်းစနစ်များနှင့် အားကစားစိတ်ဓါတ်များ ပြည့်ဝလာစေရန်၊ ကာယအား ဉာဏအား နှစ်ပါးစုံပြီး တက်ကြွဖြတ်လတ်သော မျိုးဆက်သစ်လူငယ်လေးများဖြစ်လာစေရန်ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%90%E1%80%85%E1%80%BA%E1%80%9C%E1%80%80%E1%80%BC%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9C%E1%80%BB%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD