spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Taiwan Open 2019 အကြီးတန်းအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သော စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

Taiwan Open 2019 အကြီးတန်းအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သော စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

 
ရန်ကုန်၊ မတ်လ(၁၃ )ရက်။
 
ထိုင်၀မ်(တရုတ်)နိုင်ငံတွင် မတ်လ(၉)ရက်မှ (၁၀)ရက်နေ့ အထိကျင်းပခဲ့သော Taiwan Open 2019 အကြီးတန်းအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကြည်မြင့်က ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ပထမရရှိခဲ့သော စားပွဲတင်တင်းနစ်ကစားသမား ကြည်မြင့်သည် ယနေ့ နံနက် (၉:၅၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ စားပွဲတင်တင်းနစ်အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများက သောင်းသောင်းဖြဖြကြိုဆိုခဲ့သည်။
 
အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်၀မ်(တရုတ်) ၊ဟောင်ကောင်၊ ဂွာတီမာလာ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ ကစားသမားပြိုင်ပွဲ၀င်ဦးရေ(၈၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ ကြည်မြင့်က ဗိုလ်လုပွဲတွင် ဂွာတီမာလာနိုင်ငံမှ ကစားသမားကိုအနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်တန်စွာရရှိခဲ့ပြီး  မြန်မာနိုင်ငံက ပထမ၊ ဂွာတီမာလာနိုင်ငံက ဒုတိယနှင့် ထိုင်၀မ်(တရုတ်)နိုင်ငံက တတိယဆုများရရှိခဲ့ကြောင်း သိရှိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/taiwan-open-2019-%E1%80%A1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%91%E1%80%99%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%B1%E1%80%AC-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA