spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲတွင် ချန်ပီယံ ဝင်းဇော်ထွန်း သုံးနှစ်ဆက်တိုက် တံခွန်စိုက်ဖလားဆွတ်ခူး

အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲတွင် ချန်ပီယံ ဝင်းဇော်ထွန်း သုံးနှစ်ဆက်တိုက် တံခွန်စိုက်ဖလားဆွတ်ခူး

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အမျိုးသားတံခွန်စိုက်စစ်တုရင်ပြိုင်ပွဲတွင် ချန်ပီယံ ဝင်းဇော်ထွန်းက သုံးနှစ်ဆက်တိုက် အနိုင်ရရှိကာ ဆုဖလားကြီးကို အပိုင်ရရှိသွားသည်။

အဆိုပါ ချန်ပီယံဆုသည် ကိုးကြိမ်မြောက်ရရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်က (၄၅)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စစ်တုရင်ပြိုင်ပွဲကို မတ် ၆ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ခန်းမ၌ကျင်းပခဲ့ရာ ပြိုင်ပွဲ ၁၅ ပွဲတွင် ၁၂ ပွဲ နိုင်၊ သုံးပွဲရှုံး၍ တံခွန်စိုက် ဆုဖလားကို ချန်ပီယံ ဝင်းဇော်ထွန်းက ရရှိသွားခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ ဆုပေးပွဲကို မတ် ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ကျင်းပခဲ့ရာ ပထမ ဝင်းဇော်ထွန်း(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန) ကျပ်ငါးသိန်း၊ ဒုတိယ နေဦးကျော်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန) ကျပ်သုံးသိန်း၊ တတိယ ကျော်လင်းနိုင်(သယံဇာတနှင့်ပတ်ဝန်ကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန)နှင့် စတုတ္ထ မျိုးနိုင်(ပို့ဆောင်ရေးဝန်ကြီးဌာန) ကျပ်တစ်သိန်းခွဲစီတို့အား မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ချီးမြှင့်ကြပြီး တံခွန်စိုက်ဆုရရှိသွားသော ချန်ပီယံ ဝင်းဇော်ထွန်းအား စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ချီးမြှင့်ခဲ့သည်။

”ဒီပြိုင်ပွဲက ပတ်လည်စနစ်ဖြစ်တော့ ချန်ပီယံလည်းပါတယ်။ လက်ရွေးစင်ဟောင်းလည်းပါတယ်ဆိုတော့ ကြိုးစားခဲ့ရပါတယ်။ ဆက်လက်ပြီး (၃၀)ကြိမ်မြောက် ဆီးဂိမ်းမှာလည်း ကြိုးစားလေ့ကျင့်သွားပါမယ် ဟု” ချန်ပီယံ ဝင်းဇော်ထွန်းက ပြောသည်။ 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6-%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%87%E1%80%B1%E1%80%AC%E1%80%BA%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8-%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%86%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA