spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ နွေရာသီသင်တန်းသားများ လေ့ကျင့်သင်ကြားလျက်ရှိ

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ နွေရာသီသင်တန်းသားများ လေ့ကျင့်သင်ကြားလျက်ရှိ

 
ရန်ကုန်၊ မတ်လ (၁၉)ရက်။
 
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် နွေရာသီလှေလှော်လေ့ကျင့်သင်ကြားပေးရေးအစီအစဉ်အဖြစ် ကနူး/ကယက်လှေလှော်ကစားနည်းနှင့် အပြည်ပြည်ဆိုင်ရာလှေ (အနောက်တိုင်းလှေ) လှော်ကစားနည်းများအတွက် သင်တန်းသား/သင်တန်းသူ (၄၀)ကျော်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ အင်းယားကန်၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
 
အဆိုပါ သင်တန်းသားများအနက် ကနူး/ကယက်လှေလှော်အားကစားနည်း၌ စုစုပေါင်း (၂၃) ဦးရှိရာ ယင်းတို့တွင် အမျိုးသားသင်တန်းသားကစားသမား (၁၂) ဦးနှင့် အမျိုးသမီးသင်တန်းသူ ကစားသမား (၁၁) ဦးတို့ ပါ၀င်သည်။ ယင်းတို့အနက် မန္တလေး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ အမျိုးသားသင် တန်းသား (၈)ဦးနှင့် အမျိုးသမီးသင်တန်းသူ (၄)ဦး၊ ရန်ကုန် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ အမျိုးသားသင်တန်းသား (၄)ဦးနှင့် အမျိုးသမီးသင်တန်းသူ (၇)ဦးတို့ ပါ၀င်ကြောင်းသိရသည်။
  
အပြည်ပြည်ဆိုင်ရာလှေ (အနောက်တိုင်းလှေ) ကစားနည်း၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၂) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၉)ဦး ပါ၀င်ကြောင်းသိရသည်။ ယင်းတို့တွင် မန္တလေး အားကစားနှင့်ကာယပညာသိပ်ပံကျောင်းမှ အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၄)ဦးတို့ပါ၀င်ပြီး ရန်ကုန် အားကစားနှင့်ကာယပညာ မန္တလေးကျောင်းမှ အမျိုးသားနှင့် အမျိုးသမီး (၅)ဦးစီ ပါ၀င်ကြောင်းသိရသည်။
 
ယခုသင်တန်းသားများကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ(အနောက်တိုင်းလှေ) နည်းပြများက မနက်နှင့် ညနေပိုင်း နှစ်ချိန်ခွဲ၍ မတ် ၁ ရက်မှ စတင်ကာ သင်ကြားပေးနေခြင်းဖြစ်ပြီး ဧပြီလ ၆ ရက်တွင် သင်တန်းများ ပြီးဆုံးမည်ဖြစ်သည်။
 
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် ဖေဖော်၀ါရီလအတွင်းက မအူပင်မြို့၌ ပြုလုပ်ခဲ့သော ဧရာ၀တီတိုင်းဒေသကြီး ခရိုင်ပေါင်းစုံ မျိုးဆက်ဖော်ထုတ်ရေး ရိုးရာလှေပြိုင်ပွဲမှ ပေါ်ထွက်လာခဲ့သော မျိုးဆက်သစ်ရိုးရာလှေကစားသမားကိုလည်း နေပြည်တော် ငလိုက်ဆည်၌ စခန်း၀င်လေ့ကျင့်လျက်ရှိသော လက်ရွေးစင်ရိုးရာလှေလှော်ကစားသမားနှင့် အတူ စခန်းသွင်းလေ့ကျင့် ပေးလျက်ရှိကြောင်းလည်းသိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%81%8C-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9C%E1%80%BB%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD