spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဘိုကလေးမြို့နယ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်

ဘိုကလေးမြို့နယ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်

ဘိုကလေး၊ မတ်လ(၂၂)ရက်။

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် "လူငယ်/ လူရွယ်များ အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော ထူးချွန်ထက်မြက်သည့် အားကစားသမားများ ဖြစ်လာစေရန် ကြိုးပမ်း ကြစေလိုကြောင်း၊ ကျန်းမာကြံ့ခိုင် သန်စွမ်းရန် အစားအသောက်များကိုလည်း အာဟာရဓာတ် ပြည့်ဝသော အစားအသောက်များကို စနစ်တကျ စားသောက်ရမည်ဖြစ်ကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သော အနာဂတ်၏ သားကောင်း/သမီးကောင်းရတနာ များဖြစ်အောင် ကြိုးစားစေလိုကြောင်း" ပြောကြားခဲ့သည်။

  

ဆက်လက်၍ မြို့နယ်အားကစားမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများမှ သင်တန်း နည်းပြဆရာများထံသို့ အားကစားအထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသားများမှ အားကစားနည်းများကို လက်တွေ့သရုပ်ပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%98%E1%80%AD%E1%80%AF%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA