spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Men's Asian Challenge2017 အမျိုးသားဟော်ကီပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Men's Asian Challenge2017 အမျိုးသားဟော်ကီပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

 
ရန်ကုန်၊ နိုဝင်ဘာလ(၂၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော Men's Asian Challenge2017 အမျိုးသားဟော်ကီပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လည်(၁၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မဂင်္လာတောင်ညွန့်မြို့နယ် သိမ်ဖြူဟော်ကီ ကွင်းတွင်းကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ  ဦးစောလုလုထော်နှင့် မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာဟော်ကီဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ ၊ အားကစားဝါသနာ ရှင်များတက်ရောက်ကြသည်။
 
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ကြိုဆိုနှုတ်ခွန်ဆက်စကားပြောကြားပြီး ပြိုင်ပွဲဝင်နိုင်ငံအသင်းများ အား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ 
 
ယင်းနောက် ပထမနေ့့ပွဲစဉ်ဟောင်ကောင်(တရုတ်)အသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲတွင် မြန်မာအသင်း၊ တရုတ်(တိုင်ပေ)အသင်း၊ ဟောင်ကောင် (တရုတ်)အသင်း၊ ဘရူနိုင်းအသင်းတို့သည် ပတ်လည်စနစ်ဖြင့် ဒီဇင်ဘာ(၃)ရက်နေ့အထိ ပြိုင်ပွဲ အားကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/mens-asian-challenge2017-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%AE%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95