spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော်၊ မတ်လ(၂၅)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ်အသင်းမှ ကချင်ပြည်နယ်အသင်းအား (၂)ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၄)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကယားပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ကယားပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းအား (၃)ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ နေပြည်တော်အသင်းမှ ချင်းပြည်နယ်အသင်းအား (၄)ဂိုး-ဂိုးမရှိဖြင့် ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၆.၃.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် နံနက်(၇:ဝဝ)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း၊  ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၄)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-1