spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

(၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

ရန်ကုန်၊ မတ်လ(၂၃)ရက်။

၂ဝ၁၉ခုနှစ်၊ စင်ကာပူသမ္မတနိုင်ငံတွင် မတ်လ(၂၈) ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲ (81st Singapore Open Track & Field Championships 2019) ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ နည်းပြချုပ် အဖွဲ့ခေါင်းဆောင် ဦးကျော်ခင်၊အသင်းအုပ်ချုပ်သူ ဦးတင်ထွန်း၊ နည်းပြ ဒေါ်အေးအေးနွယ်နှင့် အားကစားသမား(၁၁)ဦး၊ စုစုပေါင်း(၁၄)ဦးတို့သည် ယနေ့ နံနက်(၇:၁၅)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူလေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၁)ဒေါ်ခင်ခင်ထွေးက ပို့ဆောင် နှုတ်ဆက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ရဲထက်အောင် (ကြိုးတပ်သံလုံးပစ်)၊ လွင်မိုး(မီတာ ၁ဝဝ၊မီတာ ၂ဝဝ)၊ ဇာနည်ထွန်း (မီတာ ၁၅ဝဝ၊မီတာ ၅ဝဝဝ)၊ ဖြိုးကျော်ဇင်ဦး(မီတာ ၈ဝဝ၊မီတာ ၁၅ဝဝ)၊ နန်းထက်မောင် (လှံတံပစ်)၊ ကျော်စွာအောင် (မီတာ ၁ဝဝ၊ မီတာ ၂ဝဝ)၊ အေးအေးအောင်(မီတာ ၈ဝဝ၊မီတာ ၁၅ဝဝ)၊ အေးအေးမြို့ (မီတာ ၃ဝဝဝ တားဆီးကျော်)၊ မြင့်မြင့်အေး(မီတာ ၅ဝဝဝ၊ မီတာ ၁ဝဝဝဝ)၊ယဉ်ငြိမ်းအေး(မီတာ ၅ဝဝဝ၊ မီတာ ၁ဝဝဝဝ)၊ သန်းသန်းစိုး(၂ဝ ကီလိုမီတာ လမ်းလျှောက်)များဖြစ်ကြပြီး၊ အိမ်ရှင်စင်ကာပူ၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား စုစုပေါင်း(၁၁)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%88%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%85%E1%80%84%E1%80%BA%E1%80%80%E1%80%AC%E1%80%95%E1%80%B0%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA