spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြိတ်တွင် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်တွင် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်  မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်လက်ဝှေ့အားကစားသမားများပေါ်ထွန်းလာစေရေးအတွက် ခရိုင်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင်အားကစားခန်းမတွင်ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို မတ် ၂၂ ရက် ညပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

(၄)မြို့နယ် လက်ဝှေ့ပြိုင်ပွဲတွင် မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ လက်ဝှေ့အားအစားသမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားပြိုင်ပွဲတွင် (၄၈/၅၁/၅၇/၆၀)ကီလိုတန်း (၄)မျိုး၊ အမျိုးသမီးပြိုင်ပွဲတွင် (၅၁/၅၄/၅၇/၆၃.၅) ကီလိုတန်း(၄)မျိုး ပြိုင်ပွဲများကို မတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ကီလိုတန်းပွဲစဉ်များအလိုက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲများ ဗိုလ်လုပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ပထမနှင့် ဒုတိယရရှိသူများအား ခေတ္တမြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအပြီးတွင် မြိတ်ခရိုင် လက်ဝှေ့ဆပ်ကော်မတီမှ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%81%84%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2