ပခုက္ကူ၊ မတ်လ(၂၇)ရက်။
၂၀၁၉ ခုနှစ်၊ ပခုက္ကူခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား (၅)မြို့နယ် အသက်(၂၅)နှစ်အောက် (၅)မြို့နယ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီက ပခုက္ကူခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ကျင်းပခဲ့သည်။
ပထမနေ့ ပွဲစဉ်အဖြစ် ပခုက္ကူမြို့နယ်အသင်းနှင့် ရေစကြိုမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပခုက္ကူမြို့နယ်အသင်က သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါပြိုင်ပွဲသို့ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ် အသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဗိုလ်လုပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။