spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ မတ်လ( ၃၁ )ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဖွင့်လှစ် သည့် ၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်းရှိ ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်ဇနီး ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးနှင့်အမှုဆောင်များ၊ သင်တန်းသား/သင်တန်းသူများ၊ တက်ရောက်ကြသည်။

  

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်၍ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာများက အားကစားနည်းအလိုက် လက်ရည်စစ် အားကစားပြိုင်ပွဲတွင် ဆုရရှိကြသည့် သင်တန်းသား/သင်တန်းသူများအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဘောလုံး၊ ဂျူဒို၊ တင်းနစ်၊ ရေကူး၊ ကြက်တောင်နှင့် Aerobic အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ Fitness Dance အကများဖြင့် သရုပ်ပြသကြသည်။

  

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁ဝဝ၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95